“ဟေတီနိုင်ငံအတွင်း ပြင်းထန်သော အုပ်စုဖွဲ့ လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း လူ ၂၀၀,၀၀၀ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အမေရိကန် သံရုံးက ဟေတီ နိုင်ငံအတွင်းရှိ အမေရိကန် နိုင်ငံသား များအား နိုင်ငံအတွင်းမှ အမြန်ဆုံး ထွက်ခွာသွားကြရန် သတိပေးထား”

သြဂုတ် ၃၁

မြောက် အမေရိကတိုက်ရှိ ဟေတီနိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံ သံရုံးက ၎င်းတို့ နိုင်ငံသားများအား နိုင်ငံတွင်းမှ အမြန်ဆုံး ထွက်ခွာကြရန် သတိပေး တိုက်တွန်း မှုများပြုလုပ်ခဲ့ပါတယ်။

နိုင်ငံအတွင်း အုပ်စုဖွဲ့အကြမ်းဖက်မှုများ ပြင်းထန်လာခြင်းကြောင့် ဟေတီ နိုင်ငံအတွင်းရှိ အမေရိကန် နိုင်ငံသား များကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြရန် အမေရိကန်အစိုးရက တိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။

ထို့နောက် ဟေတီနိုင်ငံတွင်းရှိ အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် အဆိုပါ နိုင်ငံမှ ထွက်ခွာမည့် လေယာဉ်များ ပြည့်နေသဖြင့် ထိုင်ခုံနေရာများ ရက်ပိုင်း သို့မဟုတ် ရက်သတ္တပတ်များအတွင်း ကြိုတင်ဝယ်ယူရနိုင်သေး သည်လို့ လည်းဆိုထားပါတယ်။

နိုင်ငံအတွင်း အကြမ်းဖက်မှုများ ပြင်းထန် လာခြင်းကြောင့် ထောင်ပေါင်းများစွာသော လူများသည် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူသတ်မှုများ တိုးမြင့်လာခြင်းကြောင့် လုံခြုံရေးနှင့် အစားစာဆိုင်ရာ စိန်ခေါ်မှုများကို ကိုးကားပြီး ကာရေဘီယံနိုင်ငံ(ဟေတီ) မှ အမေရိကန် နိုင်ငံသားများအား အမြန်ဆုံး ထွက်ခွာကြရန် ဟေတီရှိ အမေရိကန်သံရုံးက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သတိပေး တိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။

“ဟေတီရှိ အမေရိကန် နိုင်ငံသားများသည် စီးပွားရေး သို့မဟုတ် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ယာဥ်များ မှတစ်ဆင့် ဟေတီနိုင်ငံကနေ အမြန်ဆုံး ထွက်ခွာသင့်တယ်” လို့ အမေရိကန် သံရုံးက ပြင်းထန်စွာ သတိပေး ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ဟေတီနိုင်ငံတွင် ပြင်းထန်သော အုပ်စုဖွဲ့ လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း လူ ၂၀၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဟေတီလူဦးရေ၏ ထက်ဝက်နီးပါးမှာ လူသား ချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကာ လူပေါင်း ၅ ဒသမ ၂ သန်းခန့် နိုင်ငံအတွင်း အကူအညီ လိုအပ်နေကြောင်းလည်း ကမ္ဘာ့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

ထို့နောက် ယခုလအစောပိုင်းက အမေရိကန် သံရုံး အနီးနားတွင် သေနတ်ပစ်ခတ်မှုကြောင့် မြို့တော်ပေါ်အော်ပရင့်စ်ရှိ အမေရိကန် သံရုံးကို ယာယီပိတ်ထားခဲ့ပြီးလည်းဖြစ်ပါတယ် လို့ သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။