ကျောက်ကြီးမြို့နယ်အတွင်း တပ်မတော်စစ် ကြောင်းများက နယ်‌မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်း ကျန်းသူ KNU/PDF ပူးပေါင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ KNU ဗိုလ်အဆင့်ရှိသူ တစ်ဦးကို လက်နက်များနှင့်အတူ အသေဖမ်းဆီးရမိ

သြဂုတ် ၃၀

      ပဲခူးတိုင်းဒေသကြီး ၊ ကျောက်ကြီးမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက နယ်‌မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိရာ ကြက်တက်ညောင်ပင်ကျေးရွာအနီး အကြမ်းဖက်သောင်း ကျန်းသူ KNU/PDF ပူးပေါင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

      အဆိုပါ တိုက်ပွဲတွင် တပ်မတော်စစ်ကြောင်းများ၏ ပစ်အားသုံး ချေမှုန်းတိုက်ခိုက်မှုများကြောင့်  KNU/PDF ပူးပေါင်းအဖွဲ့အကြမ်းဖက် သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်၊၎င်းတို့ ဆုတ်ခွာရာနောက်သို့ တပ်မတော်စစ် ကြောင်းများက ထပ်ကြပ်လိုက်လံရှင်းလင်းခဲ့ရာ KNU တပ်မဟာ(၂) မှ ဗိုလ်အဆင့်ရှိ အကြမ်းဘဖက်သမား ၁ ဦးကို စိစစ်ဆဲသေနတ်အရှည် ၁ လက် ၊ ၉ မမ ပစ္စတို ၁ လက်၊ အိုင်ကွန် ၁ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

       အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား အကြောင်းမဲ့ရက်စက်စွာသတ်ဖြတ်နေသော အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ KNU/PDF အကြမ်းဖက်သမားများကို တပ်မတော်စစ် ကြောင်းများက ထပ်ကြပ်လိုက်လံရှင်းလင်းလျှက်ရှိကြောင်း သတင်းရရှိသည်။

#PAN