ရွှေပေါက်ကံ၊ အမှတ် ၁၃ ရပ်ကွက်၊ ညောင်ရမ်းလမ်းနှင့် ရန်ကုန်လမ်းဆုံ မြက်ခင်းပေါ်မှ လက်လုပ်မိုင်းတစ်ခုကို လုံခြုံရေးအဖွဲ့မှ ဖောက်ခွဲဖျက်ဆီး

သြဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ၊ အမှတ် ၁၃ ရပ်ကွက်၊ ညောင်ရမ်းလမ်းနှင့် ရန်ကုန်လမ်းဆုံ မြက်ခင်းပေါ်တွင်၂၀၂၃ သြဂုတ်လ၂၈ ရက် ည ၁၀နာရီ ၁၅မိနစ် အချိန်ခန့်တွင်ကျောပိုးအိတ်အနက်ရောင် (၁)လုံးအား မသင်္ကာဖွယ်ရာတွေ့ရှိကြောင်း သတင်းပို့ချက်အရ သက်ဆိုင်ရာလုံခြုံ​​ရေးသတင်းအဖွဲ့က ​သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ အခင်းဖြစ်ရာနေရာ ရန်ကုန် လမ်းဆုံ၊ ညောင်ရမ်းလမ်းဘေး၊ မြက်ခင်းပေါ်တွင် Sport တံဆိပ်ပါ ကျောပိုးအိတ် အနက်ရောင် (၁)ခုအား မသင်္ကာဖ့ယ်တွေရှိသဖြင့် လံုခြုံရေး ဖွဲ့မှည၁၀နာရီ၅၅မိနစ် အချိန်ခန့်တွင် ရောက်ရှိရှင်းလင်းခဲ့ရာ ၎င်းအိတ်အမဲအတွင်းမှ အရှည် (၉) လက်မခန့်၊ အချင်း (၂) လက်မ ခန့် ရှိ PVC ပိုက်(၁)ခု ၊ 9 Volt ဓါတ်ခဲ(၂)လုံး၊ ဆားကစ်ပြား(၂)ခုတို့အား ဝါယာကြိုးဖြင့် ချိတ်ဆက်လျက် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး(၁)ခုအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းလက်လုပ်ဗုံးအား တွေ့ရှိသည့်နေရာအနီး၊ လမ်းဆုံသို့ ပြောင်းရွှေ့၍ အတားအဆီးများ ပြုလုပ်ကာ အချိန်၁၁နာရီ၁၅မိနစ်အချိန်ခန့်တွင် ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။