မော်လမြိုင်မြို့တွင် ဆိုင်ကယ် Taxi မောင်းသမား အသတ်ခံရမှုမှ ကျူးလွန်သူဟု ယူဆရသူတစ်ဦးကို ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ရိုးတန်း View Ponit အောက်ဘက် ချစ်သူလမ်းကြားတွင် ဆိုင်ကယ် Taxi မောင်းသမားအသတ်ခံရမှုမှ ကျူးလွန်သူဟု ယူဆရသူတစ်ဦးအား သက်ဆိုင်ရာက ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဇူလိုင်လ ၁ ရက်နေ့က မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ် (၆) လမ်းနေ အသက် (၄၅) နှစ်အရွယ် ဦးအောင်ဟိန်းဦးဆိုသူသည် တက္ကစီမောင်းရန်အတွက်နေအိမ်မှ ထွက်ခွာသွားခဲ့ပြီးနောက်
မိသားစုနှင့် အဆက်သွယ် ပြတ်တောက်သွားခဲ့ရာ မိသားစုဝင်များက ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ရာ ဇူလိုင်လ ၂ ရက်နေ့တွင် လမ်းလုပ်သားတစ်ဦးက ဖုန်းကို တွေ့၍ ကောက်ကိုင်ရာမှ မိသားစုဝင်များက ဖုန်းကောက်ရရှိသည့်
တောင်ရိုးတန်း View Ponit အောက်ဘက် ချစ်သူလမ်းကြားတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့်
ဦးအောင်ဟိန်းဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူ ၃ ဦးအနက် တစ်ဦးအား ဇူလိုင် ၂၃ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးရမိထားကြောင်း ကျန်ရှိသည့် နှစ်ဦး၏ အမည်နှင့် သတင်းအတိအကျ ရရှိထားသောကြောင့် ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။။