ညောင်ဦးမြို့နယ်၊ထရိုင်းတောကျေးရွာ၌ အမျိုးသားတစ်ဦးအား အကြမ်းဖက်PDFများမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

(မှုခင်း) ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးမြို့နယ်၊ထရိုင်းတောကျေးရွာ၌ အမျိုးသားတစ်ဦးအား အကြမ်းဖက်PDFများမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ဇူလိုင်လ ၂၅ရက် နံနက် ၈နာရီခွဲ အချိန်ခန့်က ဦးဉာဏ်ပို၊၅၈နှစ်၊(ဘ)ဦးဖြူ၊ဈေးရောင်း၊ထရိုင်းတောကျေးရွာ၊ညောင်ဦးမြို့ နယ်နေသူသည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် အကြမ်းဖက် PDF ၅ဦးခန့် သေနတ်များ ကိုင်ဆောင်လျက် ဆိုင်ကယ် ၃စီးဖြင့် ဆင်လူးအိုင်ကျေးရွာဘက်မှ ရောက်ရှိလာပြီး ဦးဉာဏ်ပို လားဟု မေးမြန်းကာ နေအိမ်ရှေ့သို့ ခေါ်ထုတ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

အဆိုပါ အကြမ်းဖက်PDFအဖွဲ့၏ပစ်ခတ်မှုကြောင့် ဦးဥာဏ်ပိုမှာ ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း၊ အကြမ်းဖက် PDF များ ထွက်ခွာရာနောက်သို့ တပ်မတော်စစ်ကြောင်းမှ ပိတ်ဆို့ရှာဖွေ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။