ရန်ကုန် မှ မော်လမြိုင်သို့ ထွက်ခွာလာသည့် အမှတ်(၈၁)အဆန်လေအိတ်ရထား တွဲဆိုင်းပြုတ်ထွက်၍ ယာယီရပ်နားထားခဲ့ရ

ဩဂုတ် ၂၉

ယနေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင် လေအိတ်ရထားသည် တောင်စွန်းဘူတာ နှင့် နှင်းပုလဲ ဘူတာအကြားအရောက်တွင် တွဲဆိုင်း ၃ နှင့် ၄ ပြုတ်ထွက်ခဲ့ရာ ယာယီရပ်နားထားရကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာလာသည့် အမှတ်(၈၁)အဆန်လေအိတ်ရထားသည် တောင်စွန်းဘူတာ နှင့် နှင်းပုလဲ ဘူတာအကြားတွင် တွဲဆိုင်း ၃ နှင့် ၄ ပြုတ်ထွက်၍ ယာယီရပ်နားထားခဲ့ရပြီး ရထားတွဲပြုတ်ထွက်မှုကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ရထားတွဲဆိုင်းများအား ပြန်လည်ပြင်ဆင်၍ မော်လမြိုင်ဘူတာကြီးသို့ ပုံမှန်အတိုင်း ပြန်လည်ထွက်ခွာသွားနိုင် ခဲ့ကြောင်းသိရသည်။

PAN