မတ္တရာမြို့နယ်၊ဇီးဖြူကုန်းကျေးရွာနေ အထွေထွေအုပ်ချပ်ရေးဦးစီးဌာန ရပ်ကျေးစာရေး တစ်ဦးအား အကြမ်းဖက် PDF များက ဖမ်းဆီးသတ်ဖြတ်

သြဂုတ် ၂၈

မတ္တရာမြို့နယ်၊ဆိပ်သာကျေးရွာအနီး၌ ရပ်ကျေးထွေ/အုပ်စာရေးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းအရ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် သွားရောက်စစ်ဆေးခဲ့ကြကြောင်းသိရသည်။

              ဖြစ်စဉ်မှာ သြဂုတ်လ ၂၄ ရက်နေ့ ည ၆နာရီ အချိန်ခန့်တွင် ဦးနောင်ထွန်းဉီး၊၂၃နှစ်၊(ဘ)ဉီးခို သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF ၃၀ဉီးခန့်ရောက်လာပြီး ဉီးနောင်ထွန်းဉီးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

             ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီး ၃ ရက်ခန့်အကြာ ဩဂုတ်၂၇ ရက်နေ့တွင် ထွေအုပ်စာရေး ဉီးနောင်ထွန်းဉီးမှာ ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဟုယူဆရသည့် ဒဏ်ရာများ လည်ပင်းပတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။  

#PAN