ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုထဲသို့ လူသတ်အကြမ်းဖက် KNLA / PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်

ဩဂုတ် ၂၈

ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုထဲသို့  လူသတ်အကြမ်းဖက် KNLA / PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ အကြမ်းဖက်သောင်းကျန်းသူများသည် အပြစ်ပြည်သူများနေထိုင်သော ကော့ကရိတ်မြိုထဲသို့ လက်နက်ကြီးဖြင့် ၂ ချက် ပစ်ခတ်ခဲ့ရာ ပထမတစ်လုံးမှာ အာရှလမ်းမကြီဘေး သီလရှင်ကျောင်းနားရှိ လယ်ကွယ်ထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ဒုတိယ တစ်လုံးမှာ ကော့ကရိတ်မြို၊ အမှတ် ၅ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး၊ အလယ်ရွာ ရုပ်ရှင်ရုံနားတွင် ဖွင့်လှစ်ထားသော အလင်္ကာ( ၂)စတိုးဆိုင် ဘေးလမ်းကြားရှိ ပိုင်ရှင် ဦးမျိုးခိုင်(လူမနေ)၏အိမ်ပေါ်သို ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် လူ ထိခိုက်မှုမရှိကြောင်း သတင်းရရှိပါသည်။

လူသတ်အကြမ်းဖက် KNLA / PDF ပူးပေါင်းအဖွဲ့များသည် စစ်မြေပြင်မဟုတ်သော အများပြည်သူ သွားလာနေထိုင် အသုံးပြုနေသည့် အိမ်များ၊ လမ်းများပေါ်သို့ ယခုလို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊  Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်းသည် အပြစ်မဲ့ပြည်သူများထိခိုက် သေဆုံးစေနိုင်သည့် လုပ်ရပ်ဖြစ်သဖြင့် နိုင်ငံတကာစစ်ဥပဒေ(ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ (၂)ပါ ပြည်တွင်းစစ်ပွဲများတွင် ဘက်နှစ်ဘက်စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည် ဟုသော ပြဌာန်းချက်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း သိရသည်။

#PAN