“ဂျပန်နိုင်ငံ၏ နျူးကလီးယားညစ်ညမ်းရေများ ပင်လယ်ပြင်သို့ စွန့်ပစ်မည့် အစီအစဥ်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ပြင်းထန်သော ဆန့်ကျင်မှုများကို လျစ်လျူရှုနေတာဖြစ်ပြီး သမုဒ္ဒရာဆိုသည်မှာ လူသားအားလုံး၏ ဘုံပိုင်ဆိုင်မှုဖြစ်ကြောင်း တရုတ်နိုင်ငံက ထောက်ပြပြောဆိုခဲ့”

သြဂုတ် ၂၆

ဂျပန်နိုင်ငံ ဖူကူရှီးမားနျူကလီးယား ဓာတ်အားပေးစက်ရုံကြီးမှ ညစ်ညမ်းသောရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းများအတွက် တရုတ် နိုင်ငံမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက ပြီးခဲ့သည့် သြဂုတ်လ ၂၄ရက်နေ့က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တိုကျို(ဂျပန်) သည် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ပြင်းထန်သော ဆန့်ကျင်မှုများကို လျစ်လျူရှုခဲ့ပြီး အဆိုပါ ညစ်ညမ်းသော ရေများကို ပင်လယ်ထဲသို့ တစ်ဖက်သတ်စွန့်ပစ်မှုများပြုလုပ်နေတယ်လို့ တရုတ်နိုင်ငံက ထောက်ပြပြောဆိုခဲ့ပါတယ်။

အဆိုပါကိစ္စရပ်သည် နျူကလီးယား လုံခြုံရေးဆိုင်ရာ ပြဿနာဖြစ်ပြီး ဂျပန်တစ်နိုင်ငံတည်း၏ သီးသန့် ကိစ္စမဟုတ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂျပန်ဘက်မှ နျူးကလီးယား ညစ်ညမ်း ရေများကို ပင်လယ်ထဲသို့ စွန့်ထုတ်ရန် တရားဝင် ဆုံးဖြတ်ချက်သည် နျူကလီးယား ညစ်ညမ်းသော ရေသန့်စင်စက်၏ ရေရှည် စိတ်ချရမှုကိုလည်း သက်သေမပြနိုင်ဘဲ စွန့်ပစ်လိုက်သည့် အချက်အလက်များ၏ စစ်မှန်မှုမရှိ သော တိကျမှုမရှိသည်ကို ရည်ညွှန်းကြောင်း ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။

“သမုဒ္ဒရာသည် လူသားအားလုံး၏ ဘုံပိုင်ဆိုင်မှုဖြစ်တယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အရာရှိက အလေးပေးပြောကြားခဲ့ပြီး “ဖူကူရှီးမား၏ ညစ်ညမ်းသောရေများကို သမုဒ္ဒရာထဲသို့ အတင်းအကျပ် စွန့်ပစ်ခြင်းသည် နိုင်ငံတကာ၏ အကျိုးစီးပွားကို လျစ်လျူရှုသော အလွန်အတ္တဆန်ပြီး တာဝန်မဲ့သော လုပ်ရပ်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။