ကျုံပျော်မြို့အဝင် မြို့နယ်စည်ပင်သာယာ ရေးရုံးရှေ့နှင့် အင်းရဲလမ်းတာဆုံ အနီးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

သြဂုတ် ၂၅

       ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြို့အဝင် မြို့နယ်စည်ပင်သာယာရေးရုံးရှေ့နှင့် မြို့အဝင်(အင်းရဲလမ်းတာဆုံ)အနီးတို့၌ ၇ နာရီ ၁၅ မိနစ်တွင်အချိန်တို့၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်မှာ အဆိုပါ ပေါက်ကွဲမှု ၂ ကြိမ်ပေါက် ကွဲမှုအနက် ကျုံပျော်မြို့အဝင်(မြို့နယ်စည်ပင် သာယာရေးရုံးရှေ့)ပေါက်ကွဲမှု၌ ဗုံးထောင်နေစဉ်အတွင်း ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ဗုံးထောင်သူဟု ယူဆရသော အမျိုးသားတစ်ဦးကို ထိခိုက်ဒဏ်ရာများဖြင့် တွေ့ရှိရကြောင်း၊ အဆိုပါ ဒါဏ်ရာရရှိသူအား ဆေးမေးမြန်းမှုများ မပြုလုပ်နိုင်သေးဘဲ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သတင်းရရှိပါသည်။

#PAN