ကျိုက်ထိုမြို့နှင့် ကျိုက္ကသာသွား ရွာချင်းဆက်လမ်း၊ ဘိုရားကြီးကျေးရွာအနီးတွင် BGF တပ် နယ်(၂)မှ ဗိုလ်အဆင့်ရှိသူ နှင့် ဇနီးတို့ကို KNU/ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်

သြဂုတ် ၂၄

         ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မွန် ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကျိုက္ကသာသွား ရွာချင်းဆက်လမ်း၊ ဘိုရားကြီးကျေးရွာအနီးတွင် BGF တပ်နယ်(၂)မှ ဗိုလ်အဆင့်ရှိ ဝင်းစိုး၊ ၄၉ နှစ်၊(ဘ) ဦးတင်ရွှေ၊ မပတ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ ကော့ထင်းကျေးရွာ၊ ကျိုက်ထိုမြို့နယ်နေသူ မောင်းနှင်လာပြီး ဇနီးဖြစ်သူ ဒေါ်ဇင်မာမျိုး၊ ၃၅ နှစ်၊(ဘ)ဦးမျိုးအောင်၊မပတ(မမှတ်မိ)၊ဗမာ/ ဗုဒ္ဓ၊ ကော့ထင်းကျေးရွာနေသူ လိုက်ပါလာသော ယာဉ်အမှတ် (စိစစ်ဆဲ) Mark-ll အဖြူရောင်ယာဉ်ကို  KNU/ PDF အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်/အင်အား (စိစစ်ဆဲ)တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄င်းယာဉ်သည် လမ်းဘေးသို့ ထိုးကျသွားခဲ့သည်။

       ထိုသို့ ပစ်ခတ်တိုက်ခိုက်ပြီး ယာဉ်သည် လမ်းဘေးသို့ ထိုးကျသွားရာမှ ဝင်းစိုး တွင် ဦးခေါင်းထိပ် ပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ယာရင်ဘတ် အစမှန်ဒဏ်ရာ ၁ ချက်၊ ယာဒူး ကျည်ဖေါက်ဝင်ဒဏ်ရာ ၂ ချက်နှင့် ဒေါ်ဇင်မာမျိုး တွင် ဝဲနားထင် ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ကာ အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

      ဖြစ်စဥ်မှာ ဗိုလ်အဆင့် ရှိ ဝင်းစိုးနှင့် ဇနီးဖြစ်သူ ဒေါ်ဇင်မာမျိုး တို့သည် ဘိုရားကြီးကျေးရွာရှိ မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် ရှောင် တခင်ခွင့် ၂ ရက်အား ၂၀၂၃ ဩ ၂၃မှ ၂၄ ရက်နေ့အထိ ရယူထားရှိပြီး မိခင်ဖြစ်သူထံသို့ သွားစဉ် အကြမ်းဖက်သောင်းကျန်း သူ(စိစစ်ဆဲ)အဖွဲ့မှ ဆိုင်ကယ် ၄ စီး၊ လူ ၁၀ ဦးခန့်သည် လက်နက် ငယ်/၄၀ မမတို့ဖြင့် ဝိုင်းဝန်းစောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအကြမ်း ဖက်(စိစစ်ဆဲ)အဖွဲ့မှာ ကျိုက္ကသာကျေးရွာဘက်သို့ မောင်းနှင်ထွက် ပြေးသွားကြောင်း သိရပါသည်။

       အခင်းဖြစ်ပွားစဥ် ဆိုင်ကယ်ကယ်ရီဖြင့် အခင်း ဖြစ်နေရာကို ဖြတ်သန်းသွားလသည့် ကျိုက်ထိုမြို့မရဲစခန်းမှ ရဲတက ဝဏ္ဏကျော် တွင်လည်း  ဝဲပေါင်ကျည် ရှပ်ထိဒဏ်ရာ ၁ ချက်၊ ဝဲခါး ကျည်ရှပ် ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ဒဏာရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN