ဒေသခံပြည်သူများ၏ သတင်း ပေးပိုချက်အရကြံခင်းမြိုနယ်၊ သစ်တောကြိုးဝိုင်းအတွင်းမှ PDF အကြမ်းဖက်စခန်းကို တပ်မတော်စစ် ကြောင်းက ရှင်းလင်းဖယ်ရှား

ဩဂုတ် ၂၃

         ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြိုနယ်၊ သရက်စမ်းကျေးရွာ အနောက်ဘက် သစ်တောကြိုးဝိုင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူ PDF များ ခိုအောင်းနေကြောင်း အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်း ပေးပိုချက်အရ တပ်မတော်စစ်ကြောင်းက နယ်မြေ ရှင်းလင်းရာ PDF အကြမ်းဖက်စခန်းကိုတွေ့ရှိပြီး တိုက်ခိုက်သိမ်း ပိုက် ရရှိခဲ့ကြောင်း သိရသည်။

         အဆိုပါ PDF အကြမ်းဖက်စခန်းကို သွား ရောက် ရှင်းလင်းစဥ် အကြမ်းဖက်သမား အင်အား ၂၀ ခန့်နှင့် ထိတွေ့မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး PDF အကြမ်း ဖက်သမား ၂ ဦးကို ပြောင်းချောအရှည်သေနတ် ၅ လက်၊ မောင်းပြန်ရိုင်ဖယ်(စိစစ်ဆဲ)(ခေါက်ဒင်) ၅ လက်၊ ကျည်အိမ် မျိုးစုံ ၂၃ ခု၊ လမ်း လျှောက်စကားပြောစက်တစ်လုံး၊ ကျည်အချို့တို့နှင့်အတူအသေဖမ်းဆီးရမိပြီး စခန်းအဖြစ်အသုံးပြုနေသည့် တဲကို မီးရှို့ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN