“ထိုင်းနိုင်ငံက ယခုနှစ်တွင် ပြည်တွင်း ခရီးသွားဧည့်သည်ပေါင်း ၁၆၀သန်း နီးပါးထိ လာရောက် လည်ပတ်လိမ့်မည်လို့ ခန့်မှန်းထား”

သြဂုတ် ၂၃

ထိုင်းနိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းများ သည် Covid-19 ကူးစက်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၉၃ ရာခိုင်နှုန်းထိ ပြန်လည် မြင့်တက်လာခဲ့ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

TAT သည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ ပြည်တွင်း ခရီးသွား သန်း ၁၆၀ နီးပါးထိလာရောက်လည်ပတ်လိမ့်မည်လို့လည်း TAT ၏ ချင်းမိုင်ရုံးမှ ဒါရိုက်တာ Suladda Sarutilavan က ပြောကြားထားပါတယ်။

ထိုင်းနိုင်ငံနှင့် ချင်းမိုင်ရှိ ခရီးသွားအခြေအနေ အလုံးစုံနီးပါး တိုးတက်ကောင်းမွန်လာနေပြီဖြစ်​ကြောင်း မစ္စ Suladda က ပြီးခဲ့သည့် အင်္ဂါနေ့က ကျင်းပခဲ့သည့် ထိုင်းခရီးသွားလုပ်ငန်း ဆိုင်ရာ သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

“ထိုင်း ပြည်တွင်းခရီးသွားလုပ်ငန်းဟာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၉၃ရာခိုင်နှုန်းထိ ပြန်လည်ကောင်းမွန်လာပြီး ယခုနှစ်ကုန်တွင် ထိုင်းနိုင်ငံသည် ခရီးသွား လုပ်ငန်းနှင့် ပတ်သက်သည့် ၀င်ငွေ ဘတ် ၈၀၈.၂ ဘီလီယံ ရရှိလိမ့်မည်လို့ ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ်ထက် ၇၅ရာခိုင်နှုန်းထိ တိုးလာလိမ့်မည်လို့ ယူဆကြောင်း” သူမက ဆိုထားပါတယ်။