လူသတ်အကြမ်းဖက် KNU နှင့် PDF များ သည် စစ်ရေးပစ်မှတ်မဟုတ်သော မြဝတီခရိုင်ပြည်သူ့ဆေးရုံပေါ်သို့ Drop Boomb ဖြင့်ပစ်ချတိုက်ခိုက်

ဩဂုတ် ၂၂

       ယနေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊အမှတ်(၄)ရပ် ကွက်ရှိ၊  မြဝတီခရိုင်ပြည်သူ့ဆေးရုံပေါ်သို့ လူသတ်အ​ကြမ်းဖက် KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drop Boomb ဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ အဆိုပါ လူသတ်အ​ကြမ်းဖက်အဖွဲ့က ပစ်ချတိုက်ခိုက်ခဲ့သော Drop Boomb ၂ လုံး မှာ မြဝတီခရိုင်ပြည်သူ့ဆေးရုံပေါ်သို့ မကျရောက်ဘဲ အောင်ဆီဂျင်စက်ရုံ​အနောက်ရှိ အိမ်သာဆောင်နှင့် လူနေအိမ်အမိုး၊ အဖီပေါ်သို့  ပြုတ်ကျပေါက်ကွဲခဲ့ကြောင်း၊ ၎င်း တိုက် ခိုက်ခဲ့မှုကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း သတင်းရရှိပါသည်။

      လူသတ်အကြမ်းဖက် KNU နှင့် PDF များ သည် စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံးများကို ပစ်မှတ်ထားကာ ယခုလို Drop Bomb ပစ်ချတိုက်ခိုက်ခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ် ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်ခြင်းဖြစ် ကြောင်း သိရသည်။

#PAN