ကျောက်တံခါးမြို့နယ် ၊ပဲနွယ်ကုန်းမြို့၊ ဇရပ်ခင်ရွာဟောင်းကျေးရွာတွင် အကြမ်းဖက် သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက ပစ်ချသည့် Drop Bomb ၁ လုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ဩဂုတ် ၂၂

       ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ၊ပဲနွယ်ကုန်းမြို့၊ ဇရပ်ခင်ကျေးရွာအုပ်စု၊ဇရပ်ခင်ရွာဟောင်းကျေးရွာအတွင်းသို့ အကြမ်းဖက် သောင်းကျန်း သူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံးကာ တစ်ဦးပြင်ထန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

       ပေါက်ကွဲမှုကြောင့် ကျေးရွာရှိ အရပ်သားပြည်သူ ၂ ဦး ဖြစ်သည့် ကိုမင်း၊ ၄၁ နှစ်၊ (ဘ) ဦးမြင့်ဝေ၊ ဇရပ်ခင်ရွာဟောင်းကျေးရွာ၊ပဲနွယ်ကုန်းမြို့နေသူတွင် ဦးခေါင်းနောက်စေ့စုတ်ပြဲဒဏ်ရာ၊ ယာလက်မောင်း စုတ်ပြဲဒဏ်ရာ၊ ယာလက် ကောက်ဝတ် အရိုးကြေမွစုတ်ပြဲဒဏ်ရာ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ်ကုသလျှက်ရှိကြောင်း၊ ဦးတင်ထွေး၊ ၆၄နှစ်၊ (ဘ)ဦးလွန်း၊ ဇရပ်ခင်ရွာဟောင်းကျေးရွာ၊ပဲနွယ်ကုန်းမြို့နေသူတွင် ယာလက်ဖျံပွင့် ထွက်ဒဏ်ရာ၊ ဝဲခြေခုံပွင့်ထွက်ဒဏ်ရာ ဝဲ/ယာပေါင်ပွင့်ထွက် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီးတွင် သေ ဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

       ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ လယ် ထဲတွင် ကိုမင်းမှာ ငါးရှာနေပြီး ဦးတင်ထွေးမှာ လယ်ထဲတွင် မြေသြဇာကြဲ နေစဉ် လက်နက်ကြီး/လက်နက် ငယ် အသံများကြားရသဖြင့် ၎င်းတို့ ၂ ဦးမှာ နေအိမ်သို့ ပြန်လာစဉ် ဦးတင်ထွေးပိုင်ဆိုင်သည့် လယ်ကွင်းထဲသို့ Drop Bomb ၁ လုံး ကျရောက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN