ကော့ကရိတ် – မြဝတီအာရှလမ်း မြေပြတ်ကျသည့်နေရာ၏ အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာတွင် အပြစ်မဲ့သာမန်ပြည်သူတစ်ဦးကို KNU နှင့် PDF အကြမ်းဖက်အဖွဲ့က စနိုက်ဘာဖြင့် ပစ်ခတ်

ဩဂုတ် ၂၂

       ယနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ကရင် ပြည်နယ်၊ ကော့ကရိတ် – မြဝတီအာရှလမ်း မြေပြတ်ကျသည့်နေရာ ၌ ခရီးသည်တင်ယာဉ်ဖြင့် ကော့ကရိတ်မှ မြဝတီသို့ လိုက်ပါလာသော ဦးကြည်လွင်၊ ၃၅ နှစ်၊ (ဘ)ဦးမင်းအောင်၊ ဗမာ/ဗုဒ္ဓ၊ ရပ်ကွက်(၃)၊ မဲသနယ်ကျေးရွာ၊ မြဝတီမြို့နယ်နေသူသည် ကားပျက်၍ မြဝတီသို့ ခရီးဆက်ရန် ကားပေါ်မှဆင်းပြီး ဆိုင်ကယ်တက္ကစီရှိရာနေရာသို့ လမ်းဆင်းလျှောက်ကာ မြေပျက်ကျသည့်နေရာ၏အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာ သို့ ရောက်ရှိစဉ် ခေါင်းဆောင်/အင်အား(စိစစ်ဆဲ) KNU နှင့် PDF အကြမ်းဖက်အဖွဲ့မှ ၎င်းနေရာအနီးတဝိုက်မှ လက်ဖြောင့်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းပစ်ခတ်သည့် ကျည်သည် ဦးကြည်လွင်၏ ဝဲဘက်ခြေ မျက်စိအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရသည်။

      အဆိုပါ ရန်သူ့ကျည်ထိမှန်ဒဏ်ရာရရှိလူနာကို နယ်မြေစစ်ကြောင်း ဆေးမှူးက လိုအပ်သောဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ကော့ကရိတ်ခရိုင်၊ ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

      အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့များသည် နိုင်ငံ၏ စီးပွားရေးတစ်စိတ်တစ် ပိုင်းထိခိုက်စေရန် ကော့ကရိတ် – မြဝတီအာရှလမ်းပေါ်တွင် ကုန်စည်ကူးသန်းမှု၊ သွားလာမှုများ မပြုလုပ်ရဲအောင် အဆိုပါလမ်းအသုံးပြုသူ အပြစ်မဲ့ပြည်သူများကို ယခုလို စနိုက်ဘာဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခြင်းဖြစ် ကြောင်း သိရပါသည်။

#PAN