“ဘီလာရုစ်ကို တိုက်ခိုက်ထိပါး ခြင်းသည် ကျနော်တို့ကို တိုက်ခိုက်ခြင်း ဖြစ်တယ်လို့ ရုရှားက ပြတ်ပြတ်သားသား သတိပေး ပြောကြားခဲ့”

သြဂုတ် ၂၁

မော်စကို(ရုရှား) ၏ Belarus နိုင်ငံဆိုင်ရာ အထူးသံတမန် Boris Gryzlov က ရုရှားနိုင်ငံသည် ဘီလာရုစ်နိုင်ငံအပေါ် ရန်လိုမှုမှန်သမျှသည် ၎င်းတို့နိုင်ငံ၏ ကိုယ်ပိုင် အချုပ်အခြာ အာဏာကို တိုက်ရိုက်ထိပါး မှုအဖြစ် မှတ်ယူကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၂၀ရက်နေ့က ပြတ်ပြတ်သားသား ကြေငြာခဲ့ တာဖြစ်ပါတယ်။

“ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘီလာရုစ်ကို ထိပါး တိုက်ခိုက်လာနိုင်တဲ့ကိစ္စမှာ၊ ဒါကို ရုရှားကို တိုက်ခိုက်မှုတစ်ခုအနေနဲ့ ကျနော်တို့ ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးဖြစ်တယ်”လို့ Gryzlov က Belarusian STV သတင်းဌာနအစီအစဥ်တွင် ကြေညာခဲ့ တာဖြစ်ပါတယ်။

ထို့နောက် ၎င်း၏ ပြောကြားချက်၏ အရင်းခံမှာ ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်လာခဲ့သည်ရှိသော် ရုရှား၏ နျူလက်နက် အသုံးပြုသွားရန် ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြသနေပုံရတယ်လို့လည်း သတင်းဌာနများကဖော်ပြပြောဆိုနေကြပါတယ်။

အထက်ပါ ကြေငြာချက်၏ နောက်ခံမှာ တင်းမာသော ကမ္ဘာ့ ပထဝီဝင်နိုင်ငံရေး ဇာတ်ခုံဖြစ်ပြီး အထူးသဖြင့် SMO အရ ဘီလာရုစ်နှင့် ရုရှားတို့သည် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ခိုင်မာစေခဲ့ ကြတာလည်းဖြစ်ပါတယ်။

ထို့နောက် သတင်းဌာနများက ပိုလန်နိုင်ငံ သည် ဘီလာရုစ်နိုင်ငံ တွင် တပ်စွဲထားသော Wagner Group ကြေးစားစစ်သည်များ နှင့်ပတ်သက်ပြီး စိုးရိမ်ပူ ပန်မှုများ ရှိနေကြောင်း ကို ဖော်ပြပြောဆိုမှုများရှိနေပြီး ပိုလန်နိုင်ငံ ၎င်းတို့ နိုင်ငံ၏ နယ် စပ်တွင် Wagner တို့၏ လှုပ်ရှားမှုများ တိုးလာနေသည်ကို သံသယ ရှိနေကြောင်းလည်း ထုတ်ပြန် ကြေညာ ထားပါတယ်။