ဖြူးမြို့၊ မြို့မအရှေ့ရပ်ကွက်ရှိ ငွေကြယ်ထမင်း ဆိုင်တွင် ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ဩဂုတ် ၂၀

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့ နယ်၊ မြို့မအရှေ့ ရပ်ကွက်၊ (၁၄)လမ်းနေ ဒေါ်စောစန္ဒာနွယ်(ခ)ဒေါ်ငယ်၏  ငွေကြယ်ထမင်းဆိုင်တွင် ယနေ့ နံနက် ၄ နာရီအချိန်ခန့်က ရေခဲ သေတ္တာ Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်ခန်း ၂ ခန်း ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ကြောင်း သိရသည်။

       မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ သတင်းအရ ဖြူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ ဇေယျဝတီနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ (၁၁၅)မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်းနှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှအသေးစိတ်တွက်ချက်နေကြောင်း သတင်းရရှိသည်။

#PAN