ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အဆောင်တစ်ခုတွင် ဗုံး ၁ လုံးပေါက်ကွဲရာ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

ဩဂုတ် ၁၉

ယနေ့ ညနေ ၅ နာရီ ၅၀မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ဦးဌေးဝင်း ပိုင်ဆိုင်သော အဆောင်ခန်း၌ ကုလားကုန်ပစ္စည်းများအား ဘေးတွဲဆိုင်ကယ်ပေါ်မှချနေစဥ် ဗုံး ၁ လုံး ပေါက်ကွဲခဲ့ရာ တစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

       ထိုသို့ ပေါက်ကွဲမှုကြောင့် ကုလားကုန်ပစ္စည်း လိုက်လံကောက်သော မောင်စိုင်းစိုင်း၊ ၁၄ နှစ်၊ (ဘ) ဦးအောင်ကျော်လွင် အခင်းဖြစ် အဆောင်နေသူသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး
ဦးအောင်ကျော်လွင်၊ ၃၈ နှစ်၊(ဘ) ဦးကျော်ကျော်၊လိပ်စာတူတွင် ဝဲခြေထောက်ပေါက်ပြဲဒဏ်၊ ဝင်းကျော်စိုး၊ ၂၃ နှစ်၊ (ဘ) ဦးကျော်ကျော် လိပ်စာတူ
တွင် ဝဲခြေထောက်ပေါက်ပြဲဒဏ်ရာ၊ မဝေ၊ ၃၈ နှစ်၊ (ဘ) ဦးတင်အေး လိပ်စာတူတွင် ဝဲယာခြေ ထောက် ပေါက်ပြဲဒဏ်ရာ၊ မယွန်းဝတီ၊ ၇ နှစ်၊ (ဘ) ဦးအောင်ကျော်လွင်တွင် ခြေထောက်ဒဏ်ရာအသီးသီ ရရှိခဲ့သည်။

       ဖြစ်စဥ်အသေးစိတ်အား သက်ဆိုင်ရာလုံခြုံ ရေးအဖွဲ့တာဝန်ရှိသူများမှ လိုက်လံစုံစမ်း စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

#PAN