ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီ ပတ်ဝန်း ကျင် ကားလမ်းများပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူပေါင်းအဖွဲ့ များက ယာဉ်/ဆိုင်ကယ်များအား စစ်ဆေးခဲ့

သြဂုတ် ၁၉

        ယမန်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းဟောင်း၊ မုပ္ပလင်ကျေးရွာနှင့် သိမ်ဇရပ်မြို့ကြား ကမ်းနီကျေးရွာအုပ်စု၊ သိမ်ဇရပ်လမ်းဟောင်းနှင့် အောက်ကမ်းနီကျေးရွာသွားလမ်းဆုံနေရာတွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူပေါင်းအဖွဲ့ ခေါင်းဆောင် (စိစစ်ဆဲ) အင်အား ၃၀ ဦးခန့်တို့သည် လက်နက် ကြီး/လက်နက်ငယ် ကိုယ်စီကိုင်ဆောင်၍ လည်း ကောင်း၊ ကျောက္ကလပ်နှင့် သိမ်ဇရပ်မြို့သွားကားလမ်း လမ်းဆုံနေရာတွင် အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူပေါင်းအဖွဲ့ ခေါင်း ဆောင်(စိစစ်ဆဲ) အင်အား ၃၀ ဦးခန့်တို့သည် တို့သည် လက်နက်ကြီး/ လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်၍ လည်းကောင်း မုပ္ပလင်ဘက်မှ သိမ်ဇရပ်မြို့သို့သွားလာသည့် ယာဉ်/ဆိုင်ကယ်များအား စစ်ဆေးခဲ့ကြောင်း သိရပါသည်။

       အဆိုပါ အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူပေါင်းအဖွဲ့များသည် ယာဉ်/ဆိုင်ကယ်များ တပ်နှင် ရဲတပ်ဖွဲ့များ၊ ဝန်ထမ်းများကို စစ် ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့လှုပ်ရှားမှုကို လိုင်းပေါ်တင်ပြီး ဝါဒဖြန့်နိုင်ရန်နှင့် ထောက်ပံ့မှုနှင့် အလှူငွေရရှိရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူ ဒေသခံပြည်သူများထံမှ သိရပါသည်။

      ၎င်း အကြမ်းဖက်သောင်းကျန်းသူများ ယခုလို ရန်ကုန် – မော်လမြိုင်လမ်းဟောင်းပေါ်သို့ အတင့်ရဲစွာ လာရောက်လှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ရကြောင်း၊ ၎င်းတို့ ယခုလို အတင့်ရဲစွာ မြို့ပေါ်အထိ ဝင်ရောက်မလားရေး တားဆီးကာကွယ်ပေးစေလိုကြောင်း ​သေခံပြည်သူများက လိုလားလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN