အကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးနည်းပြဆု အတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်း ထုတ်ပြန်

Photos: UEFA

ဩဂုတ် ၁၈

    (2022-23) UEFA Awards ဆုပေးပွဲအတွက် အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးနည်းပြဆုအတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် မက်ဆီ(အာဂျင်တီးနား၊ အင်တာမိုင်ယာမီ)၊ ဒီဘရိုင်းနား(ဘယ်လ်ဂျီယံ၊ မန်စီးတီး)၊ ဟော်လန်း(နော်ဝေ၊ မန်စီးတီး)တို့ ဖြစ်ပြီး အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် ဂွါဒီယိုလာ(မန်စီးတီး)၊ အင်ဇာဂီ(အင်တာမီလန်)၊ စပယ်လက်တီ(နာပိုလီ)တို့ ဖြစ်ပါတယ်။

    ဆုပေးပွဲအခမ်းအနားကို သြဂုတ်(၃၁)ရက်နေ့တွင် ပေးအပ်ချီးမြှင့်သွားမည်။