သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာတွင် ၈ နှစ်အရွယ် ကလေးတစ်ဦး အီနာဂါထိပ်ဖူးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား

သြဂုတ် ၁၈

      ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာ၊ ဗန္ဓုလလမ်း၊ ဦးဆန်းအောင်၏နေအိမ်ရှေ့တွင် မောင်ခေတ်ဦးဈာန်၊ ၈ နှစ်၊ (ဘ)ဦးရဲထွဋ်၊ (၃)တန်း၊ ဗန္ဓုလလမ်း၊ ကျုံကဒတ်ကျေးရွာ၊ သံဖြူဇရပ်မြို့နယ်နေသူသည် အီနာဂါထိပ်ဖူးကို ဆော့ကစားနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

      ထိုသို့ ပေါက်ကွဲမှုကြောင့် မောင်ခေတ်ဦးဈာန်တွင် ယာလက်စုတ်ပြဲဒဏ်ရာ၊ ယာပေါင်စုတ်ပြဲဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိ၍ ကျုံကဒတ် တိုက်နယ်ဆေးရုံတွင်  ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် အဆိုပါ အီနာဂါထိပ်ဖူးကို မည်ကဲ့သို့ ရရှိခဲ့သည်ကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

#PAN