ပေါင်မြို့၊ မြို့ဝင်ဘီးခွန်ကောက်ခံရေးဂိတ်အနီးရှိ နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က ယာဉ်စစ်ပိတ် ဆို့ စစ်ဆေးဆောင်ရွက်နေစဉ် ရပ်န့်အစစ်ဆေးမခံဘဲ ထွက်ပြေးသည့် ဆိုင်ကယ်ကို ခြောက်လှန့်ပစ်ခတ်ဖမ်းဆီး

သြဂုတ် ၁၈

       ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် မွန်ပြည် နယ်၊ ပေါင်မြို့၊ ကဒုံစီးရပ်ကွက်၊မြို့ဝင်ဘီးခွန်ကောက်ခံရေးဂိတ်အနီးမော်လမြိုင် – ရန်ကုန်သွားကားလမ်းမပေါ် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးဆောင်ရွက်နေစဉ် ကျွဲခြံကျေးရွာဘက်မှ ပေါင်မြို့ဘက်သို့ မသင်္ကာသူ ၂ ဦး စီးနင်းလာသော ဆိုင်ကယ်အမှတ် MON – 13W/39707နံပါတ်ပါ HONDA WAVE 125 အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စစ်ဆေးမခံဘဲထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။

         ထိုသို့ ခြောက်လှန်ပစ်မှုကြောင့် ဆိုင်ကယ်တိမ်းမှောက်ပြီး ဆိုင်ကယ်မောင်းနှင်သူ စန်းမင်း၊ ၃၇ နှစ် ၊(ဘ) ဦးကြည်ဝင်း၊ ဗမာ/ဗုဒ္ဓ၊ ဘဲမွေးမြူ ရေးလုပ်၊ ဥတ္တံတားကျေးရွာ၊ ပေါင်မြို့နယ်နေသူတွင် ဝဲပေါင် ကျဉ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနဖူး ပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ယာတံတောင်ပွန်းပဲ့ဒဏ်ရာ၊ ဝဲ/ယာ ခြေ ချောင်းများ ပွန်းပဲ့ဒဏ်ရာ၊ဝဲ/ယာဒူး ပွန်းပဲ့ဒဏ်ရာနှင့် ဆိုင်ကယ်နောက်မှ စီးနင်းသူ စောဘိုဘိုဟိန်း၊ ၁၉ နှစ်၊ (ဘ)ဦးကြိုင်မွေ၊ ကရင်/ဗုဒ္ဓ၊ ကျဘမ်း၊တပ်မှူးချောင်ရွာ၊ပေါင်မြို့နယ်နေသူတွင် ဝဲပေါင်ရင်း ကျည့်ဖောင်ဝင်ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံးအနောက်ဘက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ကြောင်း သိရပါသည်။

        အဆိုပါ ဒဏ်ရာရသူ စန်းမင်းနှင့် စောဘိုဘိုဟိန်းတို့ကို နယ်မြေလုံခြုံရေးအဖွဲ့က ပေါင်မြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ထားပြီး စစ်ကြောချက်ရယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN