တမူးမြို့နယ်အတွင်း အကြမ်းဖက်သမား PDF က ဒေသခံပြည်သူများကို ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်လာ

သြဂုတ် ၁၈

       ဩဂုတ်လ ၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ ၊ဈေးတန်းရပ်ကွက်၊အောင်တော်မူ ဘုန်းတော်ကြီးကျောင်းအနီးရှိ အမက-၉ ကျောင်းသို့ အကြမ်း ဖက် PDFများ ရောက်ရှိလာကာ ကျောင်းဆရာမ ၁ ဦးကို CDM မလုပ်ဘူးလားဟု လာရောက်သတိပေးသဖြင့် အဆိုပါ စာသင်ကျောင်းကို ယနေ့ထိ ပိတ်ထားရကြောင်း သိရှိရပါသည်။

        ဩဂုတ်လ ၁၂ ရက်နေ့ကလည်း တမူးမြို့နယ်၊ ထုံကတင်ရွာသို့ အကြမ်းဖက် PDFများရောက်ရှ်ိလာပြီး တစ်အိမ်လျှင် ဆန်တစ်ခွဲနှင့် ဆီ ၁ ပုလင်းစီကောက်ခိုင်းပြီး ၎င်းနောက် အဆိုပါရွာမှ ဦးမြင့်ဆွေနှင့် သားတို့ကို နောင်ကက်လှေဆိပ်သို့ သုံးဘီးဖြင့် ပစ္စည်းပိုရန်ခေါ်ဆောင်သွားကြောင်း၊ ဦးမြင့်ဆွေအား ပြန်လွှတ်ကာ သားဖြစ်သူကိုအကြမ်းဖက်PDFများက ဆက်လက်ခေါ်ဆောင်သွားကြောင်း သိရပါသည်။

          ယမန်နေ့နံနက်ပိုင်းတွင် သားဖြစ်သူကို လာကြိုရန်အကြမ်းဖက်အဖွဲ့က ခေါ်‌ဆောင်သဖြင့် ဦးမြင့်ဆွေသည် အကြိုသွားရောက်ခဲ့‌ရာ ၎င်းကိုပါ အကြမ်းဖက် PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယမန်နေ့ မွန်းလွဲပိုင်းတွင် မင်းသာရွာနှင့် ဝက်ရှုရွာအကြားကားလမ်းတွင် ဦးမြင့်ဆွေ၏အလောင်းကို တွေ့ရ၍ ရွာသို့ပြန်လည်သယ်ဆောင်ခဲ့ကြောင်း သိရပါသည်။ သားဖြစ်သူနှင့်ပတ်သက်၍ ယခုအချိန်ထိ မည်သည့်သတင်းမျှ မသိရှိရသေးကြောင်း သိရပါသည်။

        အဆိုပါ သတ်ဖြတ်ခံသူ ဦးမြင့်ဆွေမှာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတစ်ဦးဖြစ်ကြောင်း သိရသည်။ တမူမြိုနယ်သည် အကြမ်းဖက်လက်နက် ကိုင် PDF များ အင်အားကောင်းပြီး နေ့စဉ်အရပ် သားပြည်သူများကို ဆက်ကြေးကောက်ခံခြင်း၊ ဒလန်ခေါင်းစဉ်တပ်ကာ သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်အဖွဲ့များ၏ ရန်ကို ဒေသတွင်းပြည်သူများအနေဖြင့် နေ့စဉ်ရင်ဆိုင်ကြုံ တွေ့နေရကြောင်း၊ အကြမ်းဖက်အန္တရာယ်ကို နိုင်ငံ တော်အနေဖြင့် ပိုမိုကာကွယ်ပေးနိုင်သော လုပ်ဆောင်မှုများ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံပြည်သူများမှ သတင်းပေးပို့လာပါသည်။

#PAN