ကသာမြို့နယ် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF အဖွဲ့များက Drop Bomb ၄ လုံး ချတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ ၄ ဦး ဗုံးစထိမှန် ဒဏ်ရာရ

သြဂုတ် ၁၈

       ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အမှတ် (၉)ရပ်ကွက် အတွင်းသို့ အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF အဖွဲ့များက Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၄ လုံး ချတိုက်ခိုက်ခြင်းကြောင့် လမ်းမပေါ် သွား လာနေသော အပြစ်မဲ့ပြည်သူ ဦးစန်းဝင်း (ခ)ဖိုးချို၊ ၄၉ နှစ်၊ (ဘ)ဦးဘသောင်၊ ဗမာ/ဗုဒ္ဓ၊ တောင် သူ၊ အမှတ် (၉)ရပ် ကွက်၊ ဦးမျိုးဝင်းသိန်း၊ ၂၅ နှစ်၊ (ဘ) ဦးမောင် ငယ်၊ ဗမာ/ဗုဒ္ဓ၊ တောင်သူ၊ အမှတ်(၉)ရပ်ကွက်၊ ဒေါ်ခင်သန္တာဦး၊ ၄၃ နှစ်၊ (ဘ) ဦးသန်းမြင့်၊ အစ္စလာမ်/မူစလင်၊ ဈေး ရောင်း၊ အမှတ်(၉)ရပ်ကွက် နေသူတို့အား ဗုံးစထိမှန်ပြီး အသီးသီး ဒဏ်ရာရရှိခဲ့သဖြင့်  မန္တလေးမြို့သို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


  တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက် တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြရာ ယခုလည်း အရပ်သားပြည်သူများသာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PAN