ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ် ဓါတုဗေဒဌာနရှိ ဓာတုဗေဒသုတေသနဓါတ်ခွဲခန်းတွင် အလူမီနီယံဆာလဖိတ် ယိုစိမ့်မှုဖြစ်ပွားကြောင်

သြဂုတ် ၁၈

      ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းတွင်  ယနေ့ ည​နေ ၆ နာရီချိန်၂၀ မိနစ်အချိန်ခန့် ရန်ကုန်တက္ကသိုလ် ဓါတုဗေဒဌာနရှိ ဓာတုဗေဒသုတေသနဓါတ်ခွဲခန်း(CE 1/2/3/4)တွင် ထားရှိသော အလူမီယမ်ဆာလဖိတ်ထည့်ထားသောတိုင်ကီ ၆ လုံးမှ  ၁ လုံးမှယိုစိမ့်မူဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

       ဖြစ်စဥ်မှာ တက္ကသိုလ်ရိပ်သာလမ်းတွင် အလူမီနီယံဆာလဖိတ် ယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနနှင့်မြိုနယ် မီးသတ်အဖွဲ့ဝင်များမှ အငွေ့ထွက်ပြန်မှုထိန်းသိမ်းနိုင်ရန် မြို့နယ်မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ် မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ​​ကြောင်း သတင်းရရှိပါသည်။

#PAN