တီတိန်မြို့ရှိ ပြည်သူ့ဆောက်လုပ်ရေး ရိပ်သာတွင်နေထိုင်သော တီးတိန်ခရိုင်၊အုပ်ချုပ်​ရေးမှူး သုံးစွဲ​​နေသည့် ​ထွေအုပ်ရုံးပိုင် မော်​တော်ယာဥ်တစ်စီးကို အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ယူဆောင်သွား

သြဂုတ် ၁၇

      ချင်း​​ပြည်နယ်၊တီးတိန်မြို့၊ ​ပြည်သူ့ဆောက် လုပ်​​ရေးလုပ်ငန်း ရိပ်သာ​တွင် ​နေထိုင်လျက်ရှိသည့် တီးတိန်ခရိုင်အုပ်ချုပ်​ရေးမှူး သုံးစွဲ​​နေသည့် ​အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် Extra Cap  ​မော်​တော်ယာဥ်တစ်စီးကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် စိစစ်ဆဲ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သိမ်းယူသွားကြောင်းသိရသည်။

        ဖြစ်စဥ်မှာ တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ချမ်းငြိမ်သည် ပြင်ပ​ရောက်​နေချိန်၌ ရိပ်သာသို့ ၎င်းအကြမ်းဖက်လက်နက်ကိုင်အဖွဲ့​ရောက်ရှိလာပြီး ကားသမားထံမှ ကား​သော့​​တောင်းကာ ဌာနပိုင်မော်​​​တော်ယာဥ်အား ယူ ဆောင်သွား​ခြင်း ဖြစ်သည်။

       တီးတိန်မြို့နယ်တွင် အကြမ်းဖက်လက်နက် ကိုင်အဖွဲ့များဖြစ်ကြသော PDF Zoland၊ CDF Siyin၊ CDF Hualngoram ZRAနှင့် Eagle Mountain Force စသည့် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ရှိပြီး မည့်သည့်အဖွဲ့က ယခုလို့ ဌာနပိုင် မော်တော်ယာဥ်ကို ယူဆောင်းခြင်းဖြစ်သည်ကို မသိရသေးကြောင်း သတင်းရရှိပါသည်။

        ယမန် နှစ်ကလည်း တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှုးဖြစ်သူ ဦးကြည်မင်းထွန်းသည်လည်း တီးတိန်မြို့သို့ ရာထူးတိုးဖြင့် ရောက်ရှိလာပြီး ၁ နှစ်ဝန်းကျင်တွင် မြို့မဈေးအနီး၌ ရှိနေစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

#PAN