“ရုရှား(Wagner) ကြေးစား စစ်သည်များသည် ဘီလာရုနိုင်ငံအတွင်းသို့ရောက်ရှိလာပြီးနောက်ပိုင်း လတ်ဗီးယားနိုင်ငံ နှင့် ဘီလာရုနိုင်ငံတို့အကြား နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ပဋိပက္ခ အချို့ ဖြစ်ပေါ်နေ”

သြဂုတ် ၁၆

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၉၆ဦးက နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် လတ်ဗီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ဘောလ်တစ်ဒေသ နိုင်ငံများ၏ မဟာမိတ်နိုင်ငံများဖြစ်သည့် ရုရှား နိုင်ငံနှင့် ဘီလာရုစ်နိုင်ငံ နယ်စပ်တို့ကို ၎င်းတို့နိုင်ငံက ကာကွယ်နိုင်သွားရန်အတွက် အသင့်ပြင်ထားကြရန် စစ်တပ်အား ပြီးခဲ့သည့် အင်္ဂါနေ့က အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

နယ်စပ် ကင်းလှည့်ရာတွင် ကူညီရန်အတွက် နယ်ခြားစောင့်အရာရှိများကိုလည်း ၎င်းတို့၏ အားလပ်ရက်အချိန်အနားယူနေမှုများမှ ပြန်လည်ခေါ်ယူခဲ့ကြောင်းလည်းသိရပါတယ်။

လတ်ဗီးယားနိုင်ငံတွင် “မျိုးစပ် ခြိမ်းခြောက် မှုများ တိုးလာနိုင်သည့် သတင်းအချက်အလက်” ရှိနေကြောင်း နယ်ခြားစောင့်တပ်က အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထား တာလည်းဖြစ်ပါတယ်။

ဘီလာရုနိုင်ငံမှ အာဏာပိုင်များသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ အား နယ်စပ်ဖြတ်ကျော်မှုများတွင် ပိုမို ပါဝင် လာခဲ့သည်လို့လည်း ဆိုထားပါတယ်။

EU အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် လတ်ဗီးယား၊ လစ်သူယေးနီးယား နှင့် ပိုလန်တို့သည် ဘီလာရုစ်နိုင်ငံ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရားမဝင် နယ်စပ်ဖြတ် ကျော်မှုနှင့်ပတ်သက်၍ ဘီလာရုသမ္မတ အလက်ဇန္ဒားလူကာရှန်ကို၏ ဖိတ်ကြားချက်များအရ ပြီးခဲ့သည့်လပိုင်းက ရာနှင့်ချီသော ရုရှား Wagner ကြေးစား စစ်သားများ ဘီလာရုစ်နိုင်ငံသို့ ရောက်ရှိ လာပြီးနောက်ပိုင်း နှစ်နိုင်ငံ နယ်စပ်ဖြတ် ကျော်မှုများအတွက် စိုးရိမ်မှုများ မြင့်တတ်လာနေတာလည်းဖြစ်ပါတယ်။

Lukashenko ကလည်း ပိုလန်နိုင်ငံကို တိုက်ခိုက် လိုသော Wagner တိုက်ခိုက်ရေးသမားများကို နိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှုများကို တားမြစ်ထား ကြောင်း အကြိမ်ပေါင်းများစွာ ပြောခဲ့ထားပါတယ် လို့လည်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။