ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာအနီးတွင် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရရှိ၊အရာတော်မြို့နယ်၊ ကုန်းသာကျေးရွာအနီးတွင့ တပ်မတော် စစ် ကြောင်းနှင့် အကြမ်းဖက် PDF တို့ တွေ့ထိတွေ့တိုက်ပွဲဖြစ်ပွား

ဩဂုတ် ၁၅

     ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေး ရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးတပ်ဖွဲ့များသည် မသင်္ကာစရာ လူနေတဲများ တွေ့ရှိ၍ ဝင်ရောက်ရှင်းလင်းရာ ၁၀ ပေ ပတ်လည် လူနေတဲ ၃ လုံး၊ ၁၅ ပေ ပတ်လည် လူနေတဲ ၂ လုံး၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၂၅ လုံး
ပြောက်ကျားဦးထုပ် ၁၃ လုံး၊ ထိပ်တုံး ၁ ခုကို  သိမ်းဆည်းရမိကြောင်း သိရပါသည်။

     အလားတူ ယမန်နေ့က အရာတော်မြို့နယ်၊ ကုန်းသာကျေးရွာအနီးတွင် တပ်မတော် စစ် ကြောင်းနှင့် အကြမ်းဖက် PDF တို့ တွေ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF တစ်ဦးကို M-16 မောင်းပြန်သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၅.၅၆ ကျည် ၆၀ တောင့်၊ Icon ၁ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN