ဘရိုက်တန်အသင်းကွင်းလယ်ကစားသမား ကိုင်စီဒိုကို ခေါ်ယူကြောင်း ချယ်လ်ဆီးအသင်း အတည်ပြု

Photos: Chelsea

ဩဂုတ် ၁၅

    ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းမှ အီကွေဒေါကွင်းလယ်ကစားသမား ကိုင်စီဒိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။ ကိုင်စီဒို(၂၁ နှစ်)အတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၁၅)သန်း ပေးချေရမည်ဖြစ်ကြောင်း သိရပါတယ်။

    စာချုပ်သက်တမ်းမှာ (၈)နှစ်ဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါတယ်။

    ကိုင်ဆယ်ဒိုဟာ လီဗာပူးအသင်းဆီပြောင်းရွှေ့ဖို့ ပေါင် ၁၁၁ သန်းနဲ့ သဘောတူညီခဲ့ပေမဲ့ ချယ်လ်ဆီးရဲ့ နောက်ဆုံးအကြိမ် ကမ်းချက်ကို လက်ခံခဲ့တာလဲဖြစ်ပါတယ်။