ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်း၊ ပုသိမ် – ချောင်းသာကားလမ်းဘေးရှိ Golden Beach ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွား

ဩဂုတ် ၁၅

       ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်း၊ ပုသိမ် – ချောင်းသာကားလမ်းဘေးရှိ Golden Beach ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှ ဟိုတယ်မီးဖိုဆောင် (Kitchen Room) အတွင်း ဝါယာရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထို မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့အပါအဝင် အဖွဲ့စုံပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၂၁ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ လူ ထိခိုက်သေဆုံးမှု တစ်စုံတရာမရှိကြောင်းနှင့် ပျက်စီး ဆုံးရှုံးမှု တန်းဖိုးကို မသိရသေးကြောင်း သတင်းရရှိပါသည်။

#PAN