စလင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးစည်းရုံးရေးမှူး တစ်ဦးကို အကြမ်းဖက် PDF များက သတ်ဖြတ်၊အစွန်းရောက် နိုင်ငံရေးဝါဒဖြင့် အကြမ်း ဖက်သတ်ဖြတ်မှုများကို ဆက်တိုက်ကျူးလွန်နေ

သြဂုတ် ၁၄

        မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ စလင်းမြို့၏ အနောက်မြောက် ၁၀ မိုင်ခန့်၊ ကန်ပြားကျေးရွာ၏ အနောက်မြောက် ၁၀ မိုင်ခန့်အကွာ ကျောက်အိုးကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာနေ ဦးသောင်းမြင့် ၆၁ နှစ်၊ (ဘ)ဦးခင်မောင် သည် နေအိမ်၌ ရှိနေစဉ် ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် အမည်မသိ (စီစစ်ဆဲ)လူသတ်အကြမ်းဖက် PDF နှစ်ဦီးက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း၊ ယင်းနောက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ကျောက်အိုးကျေးရွာအရှေ့ဘက် ၄ ဖာလုံခန့်အကွာ တောထဲတွင် ဦးသောင်းမြင့်ကို ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း၊ ဖြစ်စဉ်အသေးစိတ်ကိုမှု လိုက်လံစုံ စမ်းနေဆဲဖြစ်ကြောင်း နယ်မြေခံလုံခြုံရေးအဖွဲ့ထံမှ သိရသည်။

         သေဆုံးသူ ဦးသောင်းမြင့် ၆၁ နှစ်သည် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးစည်းရုံးရေးမှူး တစ်ဦးဖြစ်ကြောင်းသိရပြီး အကြမ်းဖက်PDF များသည် အစွန်းရောက် နိုင်ငံရေးဝါဒဖြင့်  ပြည်ခိုင်ဖြိုးပါ တီဝင်များကို ရန်သူဟု သတ်မှတ်ကာ အကြမ်း ဖက်သတ်ဖြတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြကြောင်း သိရပါသည်။

#PAN