ဆိုင်ကလုန်း‘‘မိုခါ’’ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ အလှူငွေများ လှူဒါန်း

သြဂုတ် ၁၂

       ဆိုင်ကလုန်း‘‘မိုခါ’’ဘေးသင့်ဒေသများမှ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရမှ လှူဒါန်းသော အမေရိကန်ဒေါ်လာ ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ငါးသောင်း) ကို လာအိုနိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Phoxay Khaykhamphithoune က ၁၁-၈-၂၀၂၃ ရက်တွင် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၌ ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦး မှ အလှူငွေများကို လက်ခံရယူခဲ့ပါသည်။

       သံအမတ်ကြီးက လာအိုနိုင်ငံအစိုးရနှင့် ပြည်သူများ၏ အိမ်နီးချင်းကောင်း ပီသစွာ ပံ့ပိုးကူညီမှုများအပေါ် မုန်တိုင်းဒဏ်သင့် ပြည်သူများနှင့် မြန်မာနိုင်ငံအစိုးရ ကိုယ်စား  ကျေးဇူးတင်ရှိပါကြောင်းနှင့် လှူဒါန်းငွေများကို မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

#PAN