“အမေရိကန် သမ္မတ ၏ အရှေ့တောင်အာရှ ခရီးစဥ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်မည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးကို တတ်ရောက်ရန် ရှိမရှိ သတင်းဌာနများ၏ မေးမြန်းမှုများကို အမေရိကန် အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူက ပြန်လည်တုံ့ပြန်ပြောဆိုမှုများ မရှိသေး”

သြဂုတ် ၁၀

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် က လာမည့်လတွင် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင် အာရှ(အာဆီယံ) ခေါင်းဆောင်များနှင့် ထိပ်သီး အစည်းအဝေးကို တက်ရောက်ရန် ရှိမရှိ သတင်းဌာနများ၏ မေးမြန်းမှုကို ပြောကြားရာတွင် ပျက်ကွက်ခြင်းသည် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ပြန်လည်တွန်းလှန်ရန် အရေးကြီးသော အာရှ ဒေသအပေါ် အမေရိကန်၏ ကတိကဝတ်များနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်လာမှာလည်းဖြစ်ပါတယ်။

သမ္မတ Biden သည် လာမည့် စက်တင်ဘာ ၉ ရက်မှ ၁၀ ရက်နေ့ အထိ အိန္ဒိယနိုင်ငံအတွင်း ကျင်းပပြုလုပ်မည့် G20 ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားပြီး ဆက်ဆံရေးများကို အဆင့်မြှင့်တင်ရန်အတွက် မကြာမီတွင် ထွန်းသစ်စ အရှေ့တောင်အာရှ နိုင်ငံများ၏ မိတ်ဖက် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ကလည်း အမေရိကန် သမ္မတ ၏ အာရှ ခရီးစဥ်များကို သိသိသာသာ စောင့်ကြည့် လေ့လာမှုများပြုလုပ် နေကြကြောင်း ကို အဆိုပါ ခရီးစဥ်နှင့် နီးစပ်တဲ့ သတင်း ရင်းမြစ်တခု ပြီးခဲ့သည့် တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာထားပါတယ်။

ထို့နောက် သမ္မတ Biden ၏အရှေ့တောင် အာရှ ထိပ်သီးအစည်းအဝေးများက်ို တက်ရောက်မှုသည် “မဖြစ်နိုင်”ဟု အိမ်ဖြူတော်အရာရှိများ၏ ပြောဆိုချက်များ အား ကိုးကား၍ အခြားသတင်းရင်းမြစ်များက ဖော်ပြပြောဆိုနေကြပါတယ်။

သတင်းဌာနများက သမ္မတ Biden သည် အင်ဒိုနီးရှားကို မသွားဖြစ်တာ မှန်သလားလို့ မေးမြန်းရာတွင် အိမ်ဖြူတော် အကြီးတန်း အရာရှိက “ကျနော်တို့ အဲဒါကို လုပ်ဆောင်နေတုန်းပါပဲ … မကြာခင်မှာ ပြောစရာတွေ အများကြီး ရှိပါလိမ့်မယ်” လို့ ပြီးခဲ့သည့် အင်္ဂါနေ့က ပြောဆို ခဲ့ပါတယ်။

ထို့နောက် အိမ်ဖြူတော်၏ ပြောရေး ဆိုခွင့်ရှိသူတွေက မှတ်ချက်ပေးဖို့ သတင်းဌာန တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူးလို့လည်း သတင်းဌာနများ ကဖော်ပြပြောဆိုနေကြပါတယ်။