လောင်းလုံးမြို့၊ (ဃ)ရပ်ကွက်၊အ​နောက်ပြင်လမ်းတွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လူ​သတ်အကြမ်းဖက်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဩဂုတ် ၁၀

       တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်​၊လောင်းလုံးမြို့၊ (ဃ)ရပ်ကွက်၊အ​နောက်ပြင်လမ်းတွင် ဦးဂွမ်မိုး၊ ၂၄ နှစ်၊ (ဘ) ဦးဂွမ်စိန်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်းလုပ်၊ စမ်းလှမ်း​ကျေးရွာ​နေသူကို လူသတ်အကြမ်းဖက် PDF အင်အား ၁၀ ဦးခန့်က ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

        ဖြစ်စဥ်မှာ ဦးဂွမ်မိုး သည် လောင်းလုံးမြို့ရှိမြို့လယ်​ကျောင်းဘုန်း​တော်ကြီး ဘုန်းကြီးပျံပွဲမှစမ်းလှမ်း​ကျေးရွာသို့ ၎င်းပိုင် ဆိုင်ကယ်ဖြင့် စမ်းလှမ်း ​- လောင်းလုံးလမ်အတိုင်း ပြန်လာစဥ်​ အခင်းဖြစ်နေရာအရောက်တွင် အကြမ်းဖက် PDF အင်အား ၁၀ ဦးခန့်က ဆိုင်ကယ် ၆ စီးဖြင့်ကြိုတင်​​ရောက်ရှိ​စောင့်ဆိုင်း၍ ဦးဂွမ်မိုး၏​ရှေ့မှ လမ်းပိတ်ရပ်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ဦးဂွမ်မိုး တွင် ဦး​ခေါင်းပွင့်ထွက် ဒဏ်ရာရရှိ​သေဆုံးသွားခဲ့ကြောင်းသတင်း ရရှိပါသည်။

​       အဆိုပါ သေဆုံသွားသူ ဦးဂွမ်မိုး သည် စမ်းလှမ်း​ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် တစ် ဦးဖြစ်ကြောင်း၊ ယ္ခုပစ်ခတ်ခံရသည့်​နေရာတွင် ယခုနှစ်၊ မေလ ၂၆ ရက်​နေ့က စမ်းလှမ်း​ကျေးရွာအုပ်ချုပ်​ရေးမှူး ဦး​သော်ဇင်စိုး(ခ) ကိုရဲ​လေး ကို လူသတ်အကြမ်းဖက် PDF အဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့သော နေရာဖြစ်ကြောင်း သိရပါ သည်။

#PAN