မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဥ်ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအား အကြမ်းဖက်သမား ၂ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေး

ဩဂုတ် ၁၀

     ယနေ့ ညနေ ၄ နာရီ ၂၂ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဥ်ရပ်ကွက်၊၃၆လမ်း၊၇၀×၇၁ လမ်း ကြားရှိ မဟာနွယ်စဥ်ရပ်ကွက်၊အုပ်ချုပ်ရေးမှုးရုံးအား လူသတ်အကြမ်းဖက် PDF ၂ ဦး(စိစစ်ဆဲ) သည် စီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးသွားကြောင်း သိရှိရသည်။

    အဆိုပါ ဆိုင်ကယ်မှာ ၃၆ လမ်းအတိုင်းအနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းတို့ ပစ်ပေါက်ခဲ့သော လက်လုပ်မိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးရှေ့၊ သံတံခါးအနောက်ဘက်ခြမ်း၊ ၃၆ လမ်းဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူသူ/ပစ္စည်းများ ထိခိုက် ပျက်စီးမှု မရှိကြောင်း သတင်းရရှိပါသည်။

#PAN