“အစ္စရေးတို့၏ ဆီးရီးယားနိုင်ငံအပေါ် လေကြောင်း အကြမ်းဖက် တိုက်ခိုက်မှု များအပြီး ဆီးရီးယားတို့က ကုလသမဂ္ဂအား အစ္စရေးတို့ကို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ရန် တိုက်တွန်း တောင်းဆိုမှု များပြုလုပ်ခဲ့”

သြဂုတ် ၈

အစ္စရေးနိုင်ငံ ၏ လေကြောင်း အကြမ်း ဖက်တိုက်ခိုက်မှုကြောင့် ဆီးရီးယား စစ်သား ၄ ဦး ထိ သေဆုံးခဲ့ရပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂ၏ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် ဆီးရီးယားနိုင်ငံက ပြီးခဲ့သည့် သြဂုတ်လ ၇ရက်နေ့က တိုက်တွန်း တောင်းဆို လိုက်တာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ၏ စစ်သည် ၄ဦး သေဆုံးပြီးနောက် အာရပ်နိုင်ငံအပေါ် အစ္စရေးများက ထပ်တလဲလဲ ဒုံးကျည်များနဲ့ တိုက်ခိုက်မှုတွေအပေါ် ချက်ခြင်း အရေးယူဖို့ ဆီးရီးယားက ကုလသမဂ္ဂကို တောင်းဆိုခဲ့တာဖြစ်ပြီး ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်မြို့ ဆင်ခြေဖုံးကို အစ္စရေးလေတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တပ်မတော်သားလေးဦး သေဆုံးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကားပြီး အယ်လ်-ဝါတန်သတင်းစာက အဆိုပါ ဆီးရီးယားနိုင်ငံ၏ ကမ္ဘာ့ကုလသမဂ္ဂအပေါ်တောင်းဆိုမှုများကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

နောက်ထပ် တပ်မတော်သား ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ သတင်းစာက ဖော်ပြထားပြီး အစ္စရေးတို့က သိမ်းပိုက်ထားသော Golan Heights ဘက်ခြမ်းမှ ဒေသစံတော်ချိန် နံနက် ၂:၂၀ နာရီတွင် လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ ခြင်းလည်းဖြစ်ပါတယ်။

ဆီးရီးယားလေကြောင်းရန်ကာကွယ်ရေးတပ်များက  အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်ရေး  ဒုံးကျည်အချို့ကို ပစ်ချနိုင်ခဲ့တယ်လို့လည်း  အဆိုပါ သတင်းစာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

#PAN