တရုတ်နိုင်ငံ တိုင်ဖွန်းမုန်တိုင်း Doksuri ကြောင့် မြစ်ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ပြီး လူအသေအပျောက်နဲ့ ပျောက်ဆုံးသူ အရေ အတွက်တိုးလာ

ဩဂုတ် ၉

       တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၌ လွန်ခဲ့သောရက်များအတွင်း တိုင်ဖွန်းမုန်တိုင်း Doksuri ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လယ်ကွင်းများ ရေနစ်မြုပ်ခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးသမားများက သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေးကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

         ကျီလင်ပြည်နယ်တွင်လည်း ရေနစ်မြုပ်နေသော လယ်ယာမြေများမှ ရေများဖောက်ထုတ်ရန် အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ယင်းပြည် နယ်ရှိ ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်မီးများပြတ်တောက်သွားခဲ့ရာ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      တရုတ်ပြည် ဘေကျင်းမြို့တော် ဆင်ခြေဖုံး Mentougou အပိုင်းက အလုပ်ရုံးခန်းများရှိရာ အဆောက်အဦအနီးတွင်  ဩဂုတ် ၇ ရက်နေ့က Doksuri တိုင်ဖွန်းမုန်တိုင်းကြောင့် မြစ်ရေကြီးနေခြင်းဖြစ်ပါသည်။ တရုတ်ပြည်အရှေ့မြောက်ဘက်ခြမ်းမှာ မိုးအကြီးအကျယ်ဆက်လက်
ရွာသွန်းနေပြီး တာဝန်ရှိသူများက လူထောင်နဲ့ချီ ဘေးလွတ်ရာကို ပြောင်းရွှေ့စဉ် တစ်ချိန်ထဲမှာလူအသေအပျောက်နဲ့ ပျောက်ဆုံးသူ အရေ အတွက်တိုးလာနေကြောင်း သိရပါသည်။

Video Credit:

#PAN