“ရုရှား-တရုတ် နှစ်နိုင်ငံ ရေတပ် စစ်ရေးလေ့ကျင့်မှုများကို အမေရိကန်နိုင်ငံက ၎င်းတို့နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုလို့ မယူဆကြောင်း အမေရိကန် သမ္မတ ​၏ဝါရှင်တန် မှ အရီဇိုးနား ခရီးစဥ်အတွင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ကြေညာခဲ့”

သြဂုတ် ၈

အလက်စကာကမ်းလွန်တွင် ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့၏ ရေတပ် စစ်ရေး လေ့ကျင့်မှုများကို အမေရိကန်နိုင်ငံ က ၎င်းတို့နိုင်ငံ ၏လုံခြုံရေးကို ခြိမ်းခြောက်မှုလို့ မယူဆကြောင်း ထုတ်ပြန် ကြေညာခဲ့ တာဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karin Jean-Pierre က ပြီးခဲ့သည့် သြဂုတ်လ ၇ရက်နေ့ တနင်္လာနေ့က သတင်းထောက်တွေကို ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

“အမေရိကန်စစ်တပ်ဟာ မြောက်ပစိဖိတ် သမုဒ္ဒရာအတွင်း ရုရှား-တရုတ် နှစ်နိုင်ငံ ရေတပ်ကင်းလှည့်မှုကို စောင့်ကြည့်နေပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို ရုရှားနှင့် တရုတ်နိုင်ငံတို့က နိုင်ငံတကာရေပိုင်နက်မှာ ဆက်လက်လုပ်ဆောင်နေကြပါတယ်။ ဒါကို ခြိမ်းခြောက်မှုလို့ မယူဆထားပါဘူး။ ဒါဟာ အမေရိကန်ကာကွယ်ရေးဌာနရဲ့ အကဲဖြတ်ချက်ပါ” လို့ အမေရိကန် သမ္မတရဲ့ တရားဝင် ကိုယ်စားလှယ်က ​ပြောကြား ခဲ့တာဖြစ်ပါတယ်။

အမေရိကန် ဝါရှင်တန်မှ အရီဇိုးနားသို့ ထွက်ခွာလာသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ လေယာဉ်ပေါ်တွင် သူမက အထက်ပါအတိုင်း သတင်းထောက်များ ကိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

Jean-Pierre မှ ရုရှား-တရုတ် စစ်ရေးလေ့ ကျင့်မှုနှင့်ပတ်သက်၍ နောက်ထပ် မှတ်ချက်ပေးခြင်းများ မရှိခဲ့ပါဘူး။

ထို့အပြင် တရုတ်-ရုရှား နှစ်နိုင်ငံ သင်္ဘောသား များသည် နည်းဗျူဟာမြောက် လေ့ကျင့်မှု၊ ဆက်သွယ်ရေး လေ့ကျင့်မှုများ ပြုလုပ်ကာ သင်္ဘောကုန်းပတ်များမှ ဆင်းသက်ခြင်းများနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပျံတက်ခြင်းများ စသည့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြပါတယ်။

ရုရှားရေတပ်ဘက်မှ ရေငုပ်သင်္ဘော တိုက်ခိုက်ရေး နှင့် ရှာဖွေရေး သင်္ဘောကြီး “Admiral Tributs” နှင့် “Admiral Panteleev”, corvettes “Gremyashchy” နှင့် “Russia Federation of the Hero Aldar Tsydenzhapov” နှင့် ပင်လယ်လတ် ရေနံတင်သင်္ဘော “Pechenga” တို့ အဆိုပါ စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ခဲ့ကြပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်မှ – ဖျက်သင်္ဘော “Guiyang” နှင့် “Qiqihar”၊ ကင်းလှည့်သင်္ဘော “Tongling” နှင့် “Zhizhao”၊ ထောက်ပံ့ရေးသင်္ဘော “Taihu” တို့လည်း အဆိုပါ စစ်ရေးလေ့ကျင့် မှုများတွင်ပါဝင် ခဲ့ကြပါတယ်လို့ သတင်းဌာနများ ကဖာ်ပြပြော ဆိုထားကြပါတယ်။