ကန့်ဘလူမြို့နယ်တွင် စစ်ကိုင်း – မုံရွာလမ်း ကြောင်းတစ်လျှောက် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုပွဲကျင်းပ

သြဂုတ် ၅

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ပြည်သူ့စစ် ပထမအသုတ်အဖွဲ့သည် စစ်ကိုင်း – မုံရွာလမ်းကြောင်းတစ်လျှောက်တွင် ပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သွားလမ်းလာလမ်း ဖြောင့်ဖြူးစေရန် ရောင်းပန်းဝယ်ပန်းသာယာစေရန် လုံခြုံရေးတာဝန်များကို စေတနာအပြည့်ဝဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြရာ အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကန့်ဘလူခရိုင်/မြို့ နယ်တို့မှ စစ်ဘက်၊ နယ်ဘက် တာဝန်ရှိသူများက ဂုဏ်ပြုပွဲတစ်ခု ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

     အဆိုပါ ဧည့်ခံပွဲတွင် တာဝန်ရှိသူ အကြီးအကဲ များက စွမ်းစွမ်းတမံလုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော ပြည်သူ့စစ်များကို ဂုဏ်ပြုလက် မှတ်ချီးမြှင့်ပေးအပ်ခြင်းနှင့် ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း၊ ဂုဏပြုဧည့်ခံပွဲကို ခရိုင်နှင့် မြိုနယ်မှ တာဝန်ရှိသူများက စီစဥ်ကျင်းပခဲ့ပြီး ပြည်သူ့စစ်များ၏ကိုယ်စား ၅၅၀ ဆရာ တော်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN