အီတလီ ဂန္တဝင် ဂိုးသမားကြီး ဘူဖွန်  ကစားသမားဘဝ အနားယူ

ဩဂုတ် ၃

    အသက် (၄၅)နှစ်အရွယ်ရှိ အီတလီ ဂန္တဝင် ဂိုးသမားကြီး ဘူဖွန်ဟာ သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ တရားဝင် အနားယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

    ဘူဖွန်ဟာ ကစားသမားဘဝတွင် ပြိုင်ပွဲစုံ (၁၁၅၁)ပွဲ ကစားခဲ့ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးလောကတွင် (၂၈)နှစ်ကြာ ဖြတ်သန်းခဲ့ပါတယ်။

    ၂၀၀၆ ကမ္ဘာ့ဖလားဆုရှင် ဘူဖွန်အနေဖြင့် အီတလီ ယူ-၂၁ အသင်းနှင့်အတူ ဥရောပချန်ပီယံဆု ရယူခဲ့ပြီး ကလပ်အသင်းဆုဖလားပေါင်း (၂၇)လုံး ဆွတ်ခူးခဲ့ပါတယ်။

Photos: GianluigiBuffon