မြင်းခြံမြို့နယ်၊ နှပ်ချိုတောကျေးရွာနေ သာမန်ပြည်သူ အမျိုးသမီးနှစ်ဦးကို အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်

သြဂုတ် ၂

     ယမန်နေ့ ည ၉ နာရီခွဲအချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ကန်ချောကျေး ရွာအုပ်စု၊နှပ်ချိုတောကျေးရွာအနောက်ပိုင်းရှိ ဒေါ်သန်းနူ၏ နေအိမ်တွင် သာမန်ပြည်သူများဖြစ်ကြသော မခင်သီတာထွန်း၊၃၉နှစ်၊(ဘ)ဦးအောင်ငွေ၊စက်ချုပ်၊နှပ်ချိုတောကျေးရွာနေသူ နှင့် မသက်မွန်၊၃၇နှစ်၊(ဘ)ဦးညိုမောင်၊တောင်သူ၊နှပ်ချိုတောကျေးရွာနေသူတို့ကို စိစစ်ဆဲအကြမ်းဖက်သောင်း ကျန်းသူ PDF ၆ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ နှပ်ချိုတောကျေးရွာ အနောက်ပိုင်းနေ မသက်မွန်သည် ၎င်းနေအိမ်အနောက်ဘက် တစ်အိမ်ကျော်ရှိ မခင်သီတာထွန်း၏နေအိမ်သို့ အလည်ရောက်ရှိခဲ့ပြီး မခင်သီတာထွန်းနှင့် ၎င်း ၏ မိခင် ဒေါ်သန်းနူ၊၆၆နှစ်၊(ဘ)ဦးဘိုတို့နှင့် စကားပြောနေစဥ် အနက်ရောင်ဝတ်စုံဝတ်ကာ မျက်နှာတွင် MASK အနက်ရောင်တပ်ဆင်ထားသည့် စိစစ်ဆဲ အကြမ်းဖက်သောင်းကျန်းသူ PDF ၆ ဦးမှာ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်းဝင်ရောက်ကာ ဒေါ်သန်းနူအား အန္တရာယ်မပြုဘဲ မခင်သီတာထွန်းနှင့်မသက်မွန်တို့ ၂ဦးအား သေနတ်ဖြင့်ပစ်ခတ်၍ ကျေးရွာမြောက်ပိုင်းသို့ ထွက်ပြေးသွားကြောင်း သိရပါသည်။

        ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မခင်သီတာထွန်း တွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊ မသက်မွန် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်နေရာတွင် သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ 9-MM LUGER ကျည်ခွံ ၁ခု၊M-22 ကျည်ခွံ ၁ခု တို့အား တွေ့ရှိရကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ PDF များအနေဖြင့် မည်သည့်အကြောင်းကြောင့် ယခုလို သတ်ဖြတ်ရသည်ကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

#PAN