မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမ ပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းတွင် Mini Bus ယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၁ စီး ယာဥ်တိုက်မှုဖြစ်ပွား ၇ ဦး မစိုးရိမ်ရဒဏ်ရာရ၊ ၃ ဦးသေဆုံး

သြဂုတ် ၂

    ယနေ့ နံနက် ၈ နာရီ ၂၇ မိနစ်အချိန်ခန့်တွင်ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမ ပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းတွင် Mini Bus ယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၁ စီး ယာဥ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါဖြစ်စဉ်ကြောင့် Mini Bus ယာဉ်ပေါ်ပါ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၉ ဦး အနက် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပတ္တမြားလူငယ်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့်လည်းကောင်း  ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၁ ဦးနှင့် ကလေး ၂ ဦး၊ စုစုပေါင်း ၃ ဦး(သေဆုံး)တို့အား ပုလဲအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့်လည်းကောင်း မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိ
ပါသည်။

#PAN