နစက ၏ လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်းသား /သူများထဲတွင် အဆိုတော် ပိုင်သက်ကျော်နှင့် ပဲခူးတိုင်းဝန်ကြီးဟောင်း ဒေါက်တာစောညိုဝင်းတို့ ပါဝင်

သြဂုတ် ၂

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီက အကျဉ်းသား /သူ ၇၇၄၉ ဦးတို့ကို ယမန်နေ့က ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် လူသိများထင်ရှားသူများအထဲမှ အဆို တော် ပိုင်သက်ကျော်နှင့် ယခင် NLD အစိုးရလက်ထက် ပဲခူးတိုင်းဝန်ကြီးဟောင်း ဒေါက်တာစောညိုဝင်းတို့ ပါဝင်လာကြောင်း သိရပါတယ်။

      အဆိုတော် ပိုင်သက်ကျော်မှာ ယမန်နှစ် မေလအတွင်းက လှိုင်သာယာမြို့နယ်၊နဝဒေးအိမ်ရာဝင်းရှိ နေအိမ်၌ဖမ်းဆီခဲ့ပြီး ၄ လအကြာတွင် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ ၎င်းကို CDM များထောက်ပံ့မှုဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၀) ည ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ကာ ဩဂုတ် ၁ ရက်နေ့မှာတော့ အင်းစိန်ထောင်ကနေ ပြန်လွတ်လာကြောင်း သိရပါသည်။

           အလားတူ ယခင် NLD အစိုးရလက်ထက် ပဲခူးတိုင်းဒေသကြီး၊ သယံဇာတ၊ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့်စည်ပင်သာယာ ရေးဝန်ကြီး ဒေါက်တာစောညိုဝင်းလည်း ဩဂုတ် ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒိုက်ဦးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရပါသည်။ ဒေါက်တာစောညိုဝင်း မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

#PAN