“ထိုင်းMFPပါတီ ခေါင်းဆောင် Pita အား ထိုင်းအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ခန့်အပ် ခြင်းဆိုင်ရာ ပယ်ချမှုများ လက်ခံသွားမည်ကို စိုးရိမ်မိကြောင်း ဖြူထိုင်းပါတီ ကပြောကြားခဲ့”

သြဂုတ် ၂

ထ်ိုင်းနိုင်ငံ Move Forward ပါတီ (MFP)၏ ခေါင်းဆောင် Pita Limjaroenrat အား ထိုင်းဝန်ကြီးချုပ် ရာထူးမှ ခန့်အပ်ခြင်းဆိုင်ရာ ပယ်ချမှုများအပေါ် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက လက်ခံသွားမည်ကို စိုးရိမ်မိကြောင်း ဖြူးထိုင်း ပါတီ၏ အကြီးတန်းပုဂ္ဂိုလ်တစ်ဦးက ယနေ့ အင်္ဂါနေ့တွင် ပြောကြားလိုက်တာဖြစ်ပါတယ်။

အဆိုပါ အသနားခံစာကို ပြန်လည်သုံးသပ်ရန် လာမည့် ကြာသပတေးနေ့တွင် တရားရုံးက ကြားနာရန် စီစဉ်ထားပြီး တရားရုံးသည် အသနားခံစာအား ပယ်ချနိုင်တယ်၊ လက်ခံနိုင်တယ် သို့မဟုတ် ထိုင်းနိုင်ငံ လွှတ်တော်၏ ဝန်ကြီးချုပ် ရွေးချယ်ရေးလုပ်ငန်းစဉ်အား ဆိုင်းငံ့ ထားနိုင်တယ်လို့ ထိုင်းနိုင်ငံ ဥပဒေ ပညာရှင်များက ပြောဆိုနေကြပါတယ်။

Pheu Thai ပါတီ၏ ရွေးကောက်ခံ ကိုယ်စားလှယ် Sutin Klungsang က ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ရန် လာမည့် သောကြာနေ့တွင် ထိုင်း ပါလီမန်၏ ပူးတွဲ အစည်းအဝေးတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် Pheu Thai ပါတီ ကိုယ်စားလှယ်လောင်းကို အမည်စာရင်းတင်သွင်းနိုင်ခြင်း ရှိ၊ မရှိ ဆိုင်ရာများကိုပါ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။