မက်ဂွဲယားကို ကြေးကောင်းရလျှင် ရောင်းထုတ်မယ့် မန်ယူ

ဇူလိုင် ၃၁

     မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဗဟိုခံစစ်မှူးကြီး မက်ဂွဲယားကို ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ စပါး၊ အီတလီ စီးရီးအေ ကလပ်တွေ ဖြစ်ကြတဲ့ ဂျူဗင်တပ်၊ အင်တာမီလန်၊ အေစီမီလန် စတဲ့ အသင်းတွေက မက်ဂွဲယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

     ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ဝက်စ်ဟမ်းအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၀ သန်းနဲ့ ကမ်းလှမ်းခဲ့ပင်မယ့် မန်ယူအသင်းက ပေါင် ၄၀ သန်း ရမှ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ကမ်းလှမ်းမှုအား ပယ်ချခဲ့ပါတယ်။

     အသက် ၃၀ နှစ်ရှိ အင်္ဂလန်လက်ရွေးစင် ဗဟိုခံစစ်မှူးကြီး မက်ဂွဲယားဟာ ၂၀၁၉ ခုနှစ်က လက်စတာစီးတီး မှ မန်ယူအသင်းသို့ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၈၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာလဲဖြစ်ပါတယ်။