![](https://positiveanglenews.com/storage/2023/07/IMG_20230730_233336_337-1-794x1024.jpg)
![](https://positiveanglenews.com/storage/2023/07/IMG_20230730_233336_267-1.jpg)
![](https://positiveanglenews.com/storage/2023/07/Screenshot_20230730_232815_Maps-1-633x1024.jpg)
![](https://positiveanglenews.com/storage/2023/07/Screenshot_20230730_232728_Maps-1-635x1024.jpg)
![](https://positiveanglenews.com/storage/2023/07/Photo_1690794619345.jpg)
![](https://positiveanglenews.com/storage/2023/07/Photo_1690794619486.jpg)
![](https://positiveanglenews.com/storage/2023/07/Photo_1690794619665.jpg)
![](https://positiveanglenews.com/storage/2023/07/Photo_1690794619871.jpg)
![](https://positiveanglenews.com/storage/2023/07/IMG-f7a4ad18fbb2d704caab8473743d32ca-V.jpg)
ဇူလိုင် ၃၀
ယနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် နေပြည် တော်၊ ပျဉ်းမနားမြို့နယ်၊ သစ်တွန်အုပ်စု၊ မြသာကျေးရွာအဝင်ချောင်းဘေး၌ မြသာကျေးရွာ ရာအိမ်မှူး ဦးမြင့်ဇော်ဦး၊ ၄၅ နှစ်၊ (ဘ)ဦးအောင်ငြိမ်း၊တောင်သူ၊ ပျဉ်းမနားမြို့နယ်၊ ဘန့်ဘားအုပ် စု၊ အောင်ဘိတ်သိတ်ကျေးရွာနေသူအား စိစစ်ဆဲလူသတ်အကြမ်းဖက် PDF များက လက်နက်ငယ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံး သွားကြောင်းသိရှိရပါသည်။
ဖြစ်စဉ်မှာ ရာအိမ်မှူး ဦးမြင့်ဇော်ဦး သည် ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ပျဉ်းမနား မြို့နယ်၊ ကိုးတစ်အုပ်စု၊ ကိုးတစ်ရွာမနှင့် ဖုန်းဆိုးရွာကြား၌ စိစစ်ဆဲလူသတ်အကြမ်းဖက် PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်/မီးရှို့မှုကြောင့်သေဆုံးသွားခဲ့သည့် ဦးကျော်လင်း၊ ၄၉ နှစ်၏ နာရေးနေအိမ်သို့ ဆိုင်ကယ်ဖြင့် သွား ရောက်ခဲ့ပြီး နေအိမ်သို့ပြန်လာစဉ် မြသာကျေးရွာအဝင် ချောင်းဘေး၌ အဆိုပါအကြမ်းဖက် PDF များက လက်နက်ငယ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ် ကြောင်းသတင်းရရှိပါသည်။
NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်နေကြကြောင်း သိရှိရပါသည်။
#PAN