မလှိုင်မြို့နယ်၊သက္ကယ်ကျင်းကျေးရွာရှိ အထက (ခွဲ)ကျောင်းတွင် အခြေပြုနေသော တပ်မတော်စစ်ကြောင်းအား လူသတ်အကြမ်း ဖက် PDF အဖွဲ့ လာရောက်ပစ်ခတ်၊ ဆုတ်ခွာထွက်ပြေးစဥ် ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူ ၆ ဦးကို ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၃၀

       ယနေ့ နံနက် ၂ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊သက္ကယ်ကျင်းကျေးရွာရှိ အထက(ခွဲ)ကျောင်းတွင် အခြေပြုကာ လုံခြုံရေးတာဝန်ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား  လူသတ်အကြမ်း ဖက် PDF အဖွဲ့ အင်အား(စီစစ်ဆဲ)က လက်လုပ်စိန်ပြောင်း ဗုံးသီး ၆လုံးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းခြံစည်းရိုးအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၆၀-မမဗုံးသီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF အကြမ်းဖက်များ ကျေးရွာမြောက်ဘက်အတိုင်း ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

       လူသတ်အကြမ်းဖက် PDF အဖွဲ့သည် ဆုတ် ခွာထွက်ပြေးစဥ် ကျေးရွာအတွင်းရှိ ကျေးရွာသူ/သားများအား  လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ ဦးစိန်ဝင်း၊၆၂နှစ်၊(ဘ)ဦးဖုန်းကျော်၊( မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော်မတီဝင် )ဦးခေါင်းကျည်ထိမှန် ပွင့်ထွက်ဒဏ်ရာ(သေဆုံး)၊ ဒေါ်ကြည်လွင်၊၅၂နှစ်၊(ဘ)ဦးဖုန်းကျော်၊ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်(သေဆုံး)၊ ဒေါ်သူဇာမြင့်၊၃၇နှစ်၊(ဘ)ဦးသန်းထွန်း၊လည်ပင်းနှင့်မေးစေ့ ကျည်ဖောက်ဝင်ဒဏ်ရာ(သေဆုံး)၊ဦးခင်စိုး၊၄၀နှစ်၊(ဘ)ဦးထွန်းကြည်၊ဆီးခုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်(သေဆုံး)၊ မောင်နေထက်အောင်၊၁၉နှစ်၊(ဘ)ဦးခင်စိုး၊ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်(သေဆုံး)၊ ဒေါ်ကုလားမ၊၄၀နှစ်၊(ဘ)ဦးမျိုးဦး၊ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်(သေဆုံး)တို့ စုစုပေါင်းအပြစ်မဲ့ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါ သည်။

    လူသတ်အကြမ်းဖက် PDF များသည် လက် နက်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်ရာရောက်ကြောင်း သိရှိရပါသည်။

#PAN