“မြောက်ကိုရီးယားနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနားတွင် ၎င်းတို့နိုင်ငံထုတ် မောင်းသူမဲ့ ယာဥ်အမျိုးအစား များစွာ နှင့် Hwaseong အမျိုးအစား နျူကလီးယား ဒုံးကျဥ် များကိုပါပြသခဲ့”

ဇူလိုင် ၂၉

မကြာသေးမှီအချိန်က ပြုလုပ်ကျင်းပခဲ့သည့် တောင်ကိုရီးယား-မြောက်ကိုရီးယား စစ်ပွဲ နှစ်၇၀ပြည့် အထိမ်းအမှတ်နေ့တွင် မြောက်ကိုရီးယား နိုင်ငံက ၎င်းတို့နိုင်ငံ စစ်တပ်၏ စစ်ရေးပြအခမ်းအနားအတွင်း ​​ခေတ်မှီ စစ်ရေး စွမ်းရည်အချို့ကို ထုတ်ဖော် ပြသခဲ့ပါတယ်။

အဆိုပါ စစ်ရေးပြအခမ်းအနားတွင် ရုရှားနိုင်ငံ “Poseidon” ဒရုန်းများနှင့် ဆင်တူသည့် ရေအောက် နျူကလီးယား မောင်းသူမဲ့ ယာဉ် အမျိုးအစား တစ်စင်းလည်း ပါဝင်နေပါတယ်။

ညဘက်ချီတက်ပွဲအတွင်းတွင်လည်း အမေရိကန် MQ-9 Reaper နှင့် RQ-4B Global Hawk မောင်းသူမဲ့လေယာဉ်များ ပုံစံတူ မြောက်ကိုရီးယား နိုင်ငံထုတ် Reaper များကို ကြည့်ရှုသူ ပရိသတ်များက အားပေး ကြည့်ရှု ခဲ့ကြပါတယ်။

ထို့အပြင် စစ်ရေးပြ ချီတက်ပွဲတွင် မြောက်ကိုရီး ယား၏ တိုက်ချင်းပစ်ဒုံးကျည်များကို ပြသထားသည့် Hwaseong အမျိုးအစား စီးရီး နျူကလီးယားဒုံးကျည်များကို လည်း ပြသခဲ့ကြပါတယ်။