“အိန္ဒိယနိုင်ငံ ယမုံနာမြစ်၏ ရေပမာဏ များပိုမိုတိုးပွားလာနေသောကြောင့် ရေကြီး ရေလျှံမှုများ ပိုမို ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများမြင့်တတ်နေ”

ဇူလိုင် ၂၇

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ယမုံနာမြစ်ရေသည် တိုးပွားလာမှုများဖြစ်ပေါ်နေပြီး ရေကြီးရေလျှံ မှုများ ပိုမို ဖြစ်ပေါ်မည်ကို နိုင်ငံအတွင်း စိုးရိမ်မှုများ မြင့်တက် လာနေပါတယ်။

ယခု ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံတွင် မိုးသည်း ထန်စွာရွာ သွန်းမှုများကြောင့် Yamuna နှင့် ၎င်း၏မြစ်လက်တက်များသည် ဒေလီနှင့် အနီးရှိ ပြည်နယ်များတွင် အန္တရာယ် ရေ အမှတ်ကို ကျော်လွန်သွားခဲ့ရပြီး ယမုံနာမြစ်သည် ဒေလီမြို့တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းကစိုးရိမ်ရေမှတ်အမှတ် ၂၀၅.၃၃ မီတာအောက် နိီးပါထိ ရှိလာခဲ့ ပြီလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၏ အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများ ထပ်မံမြင့်တက်လာဖွယ်ရှိနေကြောင်းလည်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာနများက ခန့်မှန်းပြောဆ်ိုနေကြပါတယ်လို့ သတင်းဌာန များကဖော်ပြပြောဆ်ိုထားကြပါတယ်။